ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၅
ကျိုင်းတုံ တာချီလိတ်သွားလမ်း ၃၁ မိုင် ကျေးရွာ အနီးတွင် Canter ၆ ဘီးယာဉ်တစ်စီး ချောက်တွင်း ထပ်မံတိမ်းမှောက် တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ (၃၁)မိုင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄၂/၆-၇ ကြားတွင်ဧပြီလ ၁၁ ရက် ညနေပိုင်း ၆ နာရီ အချိန်ခန့် က ပြည်ထောင်စု လမ်းမကြီး ၊လမ်းဘေး ပေ ၁၅၀ နက်သော ရေချောင်းအတွင်းMitsubishi Canter ၆ ဘီး (အဖြူရောင်)ယာဉ်သည် လမ်း၏ယာဘက်ပေ(၁၅၀)ခန့်နက်သော ရေချောင်းအတွင်းသို့ ထိုးကျ သွားခြင်း ဖြစ်ကြောင်း သိရသည်။
“ထိခိုက် ဒဏ်ရာရလူနာ အတိအကျ မသိရသေးဘူး ၊ တစ်ဦးသေဆုံးတယ်။”ဟု လူမှုကူညီရေး အသင်းက ဆိုသည်။
ထို ဖြစ်စဉ် နေရာသို့ ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ထံမှ သိရသည်။
ထို Canter ကားတွင် လိုက်ပါလာသူများအနက် တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရ လူနာများအား လူမှုကူညီရေး အသင်းများမှ ကူညီ၍ ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၈ ရက် ၁၀ ရက် နှင့် ၁၁ ရက် တို့တွင် သုံးရက်အတွင်း ယာဥ်တိမ်းမှောက်မှုဖြစ်စဥ် သုံးကြိမ် ကြုံတွေ့ခဲ့ရကြောင်းသိရ သည်။
ဧပြီလ ၁၀ ရက် ည ၈ နာရီ ခွဲဝန်းကျင် ခန့် တွင် လည်း ကျိုင်းတုံမြို့ ၊ လာတတော့တောင် အနီး မြို့ပတ်လမ်းတွင် ကားမောင်းသင်ရင်း မတော်တဆ ဖြစ်ကာ ပေ ၅၀ နက် သော ချောင်းတွင်း ကားထိုးကျ သဖြင့် ယာဉ်ပေါ်ပါ အမျိုး သမီး ၂ ဦး အနက် ၊ တစ်ဦးမှာ နေရာမှာပင် သေဆုံး ခဲ့ရကြောင်း လူမှု ကူညီရေး အသင်း များထံမှ သိရသည်၊။
ယခင် ဧပြီလ ၈ ရက် ည ၁၀ နာရီခွဲအချိန်တွင် လည်း ခရီးသည် တင် မော်တော်ကား တစ်စီး ချောက်တွင်း ထိုးကျ ခြင်း ကြောင့် ၇ ဦး သေဆုံးခဲ့ကာ ၃ ဦး ဆေးရုံ ပို့ခဲ့ရကြောင်း သိရသည်၊။
#ppv006
#ယာဥ်တိမ်းမှောက်
#မှုခင်း
#ကျိုင်းတုံ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။