ခမ်းသားငေါဝ်း
ဧပြီလ ၁၁ ၊ ၂၀၂၅
ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် သိကျိတ်ကျေးရွာကို စစ်ကောင်စီလေယာဥ်ဖြင့်ဗုံးကြဲ ၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNGY ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာတွင် ဧပြီလ ၁၀ ရက်နေ့က(၂၅) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်း အမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
စစ်ကောင်စီက ကယန်းအမျိုးသားနေ့အခမ်းအနားကျင်းပခဲ့သည့် ကွင်းပြင်အနီးကို ည ၁၂ နာရီဝန်းကျင် က ပေါင် ၂၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ကြောင့် နေအိမ် သုံးလုံးပျက် စီးသွားခဲ့ပြီး လိင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
“အိမ်က သုံးလုံးထိတယ်။ အိမ်ရှင်လိင်မယားက ဒဏ်ရာနည်းနည်းထိသွားတာပေါ့။ မစိုးရိမ်ရဘူး။ ဒါပေမယ့် သူ့ယောက်ကျားက သဲလား မသိဘူး၊ ပြတင်းပေါက်မှန် လားမသိဘူး၊ ရှထိတယ်လေ။ အခု သူ့မျက်လုံးက သိပ်မမြင်ရဘူး သူပြောတယ်။” ဟုဒေသခံ ကပြောသည်။
ဧပြီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် (၂၅) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနားတွင် အနယ်နယ်အရပ်ရပ်က ပြည်သူ ၅၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ကယန်းအမျိုးသားနေ့ကို လက်ခံကျင်းပသည့် သိကျိတ်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ် ပီကင်းကောခူ ကျေးရွာကို လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေယာဥ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ရသည်။
ဓါတ်ပုံ – CJ
#ppv002
#KNGY
#Humanright
#သိကျိတ်ရွာ
#ဖယ်ခုံ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။