DPLA မှ တောင်းခမ်းစစ်ဘေးရှောင်များကို ဆန်နှင့်ဆားများထောက်ပံ့
…………………
ခမ်းသားငေါဝ်း၊
ဧပြီ ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/1BapUibac8/

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)မှ တောင်းခမ်းစစ်ရှောင်ပြည်သူများကို ဆန်နှင့်ဆားများ တတိယအကြိမ်သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာဘက်ရှိ စစ်ဘေးရှောင်များကို ဆန်နှင့် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း DPLAမှ တပ်သားတစ်ဦးက ပြောသည်။

“ဆန်တွေတော့ သွားလှူခဲ့တယ်။ တခြားသော သူတို့အတွက် မိုးကာတွေ နေရာထိုင်ခင်းတွေလည်း လိုတယ်။ ရှေ့ဆက်မိုးရွာတော့မယ်ဆိုတော့ မိုးကာတွေ စောင်တွေလိုအပ်တာပေါ့။ စားစရာတွေလည်းလိုတာပေါ့။နှစ်ရှည်လများ စစ်ဘေးရှောင်လာရတော့ အခက်ခဲတွေ လိုအပ်ချက်တွေလည်း ရှိတယ်။” ဟု အဆိုပါ တပ်သားတစ်ဦးက ပြောသည်။

တောင်းခမ်းဒေသတွင် စစ်ကောင်စီ နှင့် TNLA၊ DPLA ပူးပေါင်းတို့ တိုက်ပွဲ​​ဖြစ်ပွားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံအများစုက ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရသည်။

လက်ရှိတောင်ခမ်းဘက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

DPLA သည် ရှမ်းပြည်မြောက်ပိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင်ပါဝင် တိုက်ခိုက်ခဲ့ပြီး နောင်ချို၊တောင်းခမ်းနှင့် ကျောက်ဂူဒေသတို့တွင်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

#PPV-008
#humantarian
#DPLA
#တောင်ခမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။