အင်းလေးဒေသ၌ ရာသီဥတု အကူးအပြောင်းဖြစ်၍ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ
…………………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/18ueVL2Vmb/

ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသရှိ ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးကာလအတွင်း ဒေသခံအများစုသည် ရာသီဥတု အပြောင်းအလဲကြောင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေကြောင်း စေတနာ့ ဝန်ထမ်းတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ မတ်လ ၂၈ ရက်နေ့၌ ငလျင်ဒဏ်ကြောင့် အင်းလေးဒေသ ပြည်လည်ထူထောင်ချိန်ကာလတွင်း ဒေသခံများသည် ဖျားနားခြင်းနှင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေသည်။

“ဒေတာ ကောက်ရသလောက်ကတော့ ဖျားတာရှိတယ်၊ မနေ့ကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ ပိုများလာတယ် ၊ သူတို့က ထမင်းလည်းမချက်ဖြစ်ဘူးလေ၊ ထင်းရယ် မီးသွေးရယ် လိုအပ်ချက်ကြောင့် မချက်ဖြစ်ဘူး၊ အလှူရှင်က လာပေးတဲ့အတိုင်းဘဲ ပေါ့ ကျန်နေရင် စားလိုက်တယ် နှမျောလို့လည်းပါတယ်၊ မချက်ဖြစ်တာလည်းပါတယ် ၊ အကြောင်းအမျိုးမျိုးကြောင့် ခုတလော ကေလာနဲ့ နန်းပန်မှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတယ်”ဟု စေတနာ့ဝန်ထမ်းတစ်ဦးမှပြောသည်။

၎င်း တို့သည် ဖျားနာ ၊ ဝမ်းပျက်ဝမ်းလျှော အတွက် ဆေးအထောက်အပံ့ကို ကူညီဆောက်ရွက်ပေးနိုင်သော်လည်း တခြားရောဂါ များအတွက် ဆေးအခက်အခဲ ဖြစ်နေကြောင်း သိရပါသည်။

“တချို့ ဘုရားပေါက် အလိုတော်ပေါက်သွားတဲ့နေ့ကဆိုရင် အဲ့မှာသူကမျက်လုံးခွဲထားတာ ငလျင်မလှုပ်ခင် ရှေ့တစ်ရက်က ကြည့်ရသေးတယ် ငလျင်လှုပ်ပြီး မမြင်ရတော့ဘူး မျက်လုံးနှစ်ဘက်လုံး ကွယ်သွားတဲ့အခြေအနေပေါ့ ဒါမဲ့ သူကြ ဆေးဝါး လိုက်မယ် ဆိုတော့ ပိုက်ဆံအခက်အခဲ ရှိတယ် အဲ့လို့မျိုးအခက်အခဲတွေရှိတယ်အဲ့လို့မျိုးတွေလည်းသိရတယ် ၊ ကျွန်မတို့ဘက်ကနေတော့ အဲ့တာမျိုးတွေကိုတော့ မချိတ်ဆက်ပေးနိုင်သေးဘူးပေါ့နော် ဖျားတာ ဝမ်းလျှော တာလောက်တော့ရတယ် ကာဗာပေးနိုင်တယ် လှူပေးနိုင်တယ်”ဟု ၎င်းကထပ်ပြောသည်။

ထို့ပြင် လေဖြတ်သူများသည်လည်း စိတ်ဖိစီးများခံရသဖြင့် နဂိုအခံနှင့် ရောဂါပိုဆိုးလာကြောင်း၍ ဆေးဝါးအနေဖြင့် မကူညီသေးသဖြင့် လက်လှမ်းမိသလောက်အလှူငွေများသာ ပေးနိုင်သေးကြောင်းသိရပါသည်။

အင်းလေးဒေသတွင် ရွာပေါင်း (၂၅)ရွာမှ ပျက်စီးဆုံးရှုံးသွားသည့် ရွာများအတွက် လက်ရှိတွင် အလှူရှင်များကြောင့် စားသောက်ဖို့ရန် အဆင်ပြေသလောက် ဖြစ်နေပြီး နေထိုင်ဖို့ နေအိမ်ဆောက်လုပ်ရန်အပိုင်းတွင် အကူအညီလိုအပ်နေဆဲ ဖြစ်ကြောင်းသိရပါသည်။

PPV0013
ပုံ-အွန်လိုင်း
#ကျန်းမာရေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ကေလာ
#နန်းပန်
#ပြည်လည်ထူထောင်ချိန်ကာလ
#ဖျားနားခြင်းနှင့်ဝမ်းပျက်ဝမ်းလျှော
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7