မြန်မာနိုင်ငံ၏ အဆိုးဆုံး ငလျင်ဒဏ်ကြောင့် ကလေးများ အထိခိုက်ဆုံး ခံစားနေရကြောင်း (UNICEF) ဆို
……………………………………………..
ခမ်းသားငေါဝ်း
ဧပြီ ၁၀၊ ၂၀၂၅
https://www.facebook.com/share/p/1BaUCHBQqw/
မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် သေကြေပျက်စီး ဆုံးရှုံးမှုများစွာထဲမှ ကလေးများ အထိခိုက်ဆုံး ခံစားနေရကြောင်း UNICEF Myanmar က ဧပြီလ(၁၀)ရက်တွင် ဖော်ပြထားသည်။
ယူနီဆက် မြေပြင်အဖွဲ့များသည် ငလျင်ဘေးကြုံတွေ့ခံစားနေရသော ဒေသသို့ အိမ်ပြင်တွင် အိပ်နေရသော ကလေးများ၊ ပျက်စီးဆုံးရှူံးမှုများကို မျက်မြင်ကြုံတွေ့ပြီး စိတ်ဒဏ်ရာ ရနေသော ကလေးများနှင့် တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသ အပါအဝင် မြန်မာနိုင်ငံရှိ ကဘေးငယ်များသည် အရေးပေါ်အကူအညီ လိုအပ်ချက် များစွာရှိကြောင်း (UNICEF)က သတိပေးထားသည်။
ငလျင်ဘေးကြုံတွေ့ခဲ့ရသော ကလေးငယ်များအတွက် မိဘများမှ အားပေးနှစ်သိမ့်မှု၊ အဖော်ပြုပေးမှု စသည့် နည်းလမ်းများကို ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်ကိုလည်း UNICEFမှ ထုတ်ပြန်ထားသည်။
ငလျင်ဘေးသင့်ဒေသတွင် ငလျင်ဘေးအန္တာရာယ် ဖြစ်ပြီးနောက် သန့်ရှင်းသောရေနှင့် တကိုယ်ရေသန့်ရှင်းမှုဟာ အလွန်ပင် အရေးကြီးကြောင်း ဖော်ပြထားသည်။
ယူနီဆက်အနေဖြင့် ငလျင်ဘေးသင့်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့်ကလေးများ၊ မိသားစုများအတွက် ရောဂါဘေးကာကွယ်ရန် ကျန်းမာရေးကောင်းမွန်စေရန် အရေးပါသော တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများကို တိုက်ရိုက်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကလေးသူငယ်အခွင့်အရေး
#သဘာဝဘေး
#မြန်မာနိုင်ငံတွင်
#ပြင်းထန်သောငလျင်ဒဏ်ကြောင့်
#သေကြေပျက်စီးဆုံးရှုံးမှုများ
#ကလေးများအထိခိုက်ဆုံးခံစားနေရ
#UNICEF Myanmar
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7