တော်လှန်ရေးအောင်ပွဲရရှိသည်အထိ ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု TNLA နှင့် MNDAA ဆို
………………………………………..

ခမ်းသားငေါဝ်း
ဧပြီ ၁၀၊ ၂၀၂၈

https://www.facebook.com/share/p/1E7ZmmFpej/

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးနှင့်အတူ တော်လှန်ရေးအောင်ပွဲရသည်အထိ စည်းလုံးညီညွတ်ကြမည်ဟု ယနေ့တွင် ကျရောက်သော အာရက္ခတပ်တော် AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်တွင် ညီနောင်မဟာမိတ်ဖြစ်သော MNDAA နှင့် TNLA တို့က ဂုဏ်ပြုသ၀ဏ်လွာပေးပို့ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေး၏ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြုစစ်ဆင်ရေးဖြစ်ပြီး ပြည်သူများ၏ထောက်ခံမှုနှင့်အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည့်‌ခြေလှမ်းများဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပြီး မြန်မာပြည်သူလူထု နှင့်ကိုက်ညီသော နိုင်ငံရေးစနစ် ကိုထူထောင်နိုင်ရန် တော်လှန်ရေးနယ်မြေအသီးသီးတွင် AA ၏တပ်ဖွဲ့၀င်များတည်ရှိကာ တော်လှန်ရေးကိုလက်တွေ့ကျကျအရှိန်ဟုန်မြင့် ဖော်ဆောင်နသည်မှာ လူထုတစ်ရပ်လူအတွက်အားတက်ဂုဏ်ယူဖွယ်ဖြစ်ကြောင်းဆိုထားသည်။

အမျိုးသားလွတ် မြောက်ရေးအတွက်ခက်ခဲ ကြမ်းတမ်းသောခရီးရှည်ကြီးတွင် ရခိုင်လူမျိုးတို့၏ အိပ်မက်ကို မရပ်မနားအကောင်ထည်ဖော်ကြသည့် ရခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူရပါကြောင်း နှင့် အာရက္ခ တို့၏နိုင်ငံရေး ရည်မှန်းချက်သည် မကြာမှီအချိန်တွင် မုချမသွေ ဖြစ်လာတော့မည် ဖြစ်ပါ ကြောင်း သ၀ဏ်လွာတွင် ဆိုထားသည်။

PPV 003
#စစ်ရေး
#ညီနောင်မဟာမိတ်
#၁၀၂၇
#စစ်ဆင်ရေးစီမံချက်လှိုင်းလုံး
#တော်လှန်ရေးအောင်ပွဲ
#စည်းလုံးညီညွတ်ကြမည်
#အာရက္ခတပ်တော်
#AA
#MNDAA
#TNLA
#ဂုဏ်ပြုသ၀ဏ်လွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7