အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက် လိုက်ပြီးဖြစ် ကြောင်း NUG ထုတ်ပြန်
……………………………………
ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅
https://www.facebook.com/share/p/153BLLtLju/
စကိုင်းတိုင်းအင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေး၀န်ကြီးငှာန က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာဆင်နွဲခဲ့ရပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကူမရရှိခြင်း၊ မြေပြင်မှလက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆူမှုများပြားခြင်းတို့ကြောင့် စစ်ကောင်စီ၏နောက်ဆုံးအခြေပြု ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်ပြီး ဧပြီလ ၇ ရက်နေ့ည ၉ နာရီအချိန်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာ သွားကြောင်း NUG ကဆိုသည်။
မြို့သိမ်းတိုက်ပွဲ မှ ဟောင်၀စ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအ၀င် လက်နက်ကြီး၊ငယ် နှင့် ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရမိ ခဲ့ ကြောင်း ဖော်ပြထားသည်။
အင်းတော်မြို့သည် စစ်ကောင်စီ၏ တပ်မ ၇၇ ရှေ့တနဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှုးကိုယ်တိုင် ကွပ်ကွဲ ခဲ့ကြောင်းသိရသည်။
မြို့သိမ်းစစ်ဆင်ရေးတွင် PDF ပူးပေါင်းတပ်ဖွဲ့များ၊ ကျောင်းသားတပ်မတော် ABSDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့မှ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီး ဌာနကထုတ်ပြန်ထားသည်။
PPV 003
ပုံ-အွန်လိုင်း
#စကိုင်းတိုင်း
#အင်းတော်မြို့
#အပြီးသတ်သိမ်းပိုက်ရရှိ
#အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေး၀န်ကြီးငှာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7