လားရှိုးမြို့တွင် နေ့ခင်းဘက်ရုတ်တရက် မှောင်သွားသဖြင့် မြို့ခံများ ကြောက်လန့်ခဲ့ရ
…………………………………………….
ခမ်းသားငေါဝ်း
ဧပြီ ၈၊ ၂၀၂၅
https://www.facebook.com/share/p/16X7872QAZ/
လားရှိုးမြို့ရုတ်တရက် ထူးဆန်းစွာ ညအချိန်ရောက်သလိုမျိုးမှောင်သွားသဖြင့် မြို့ခံများ ကြောက်လန့်ခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ ဧပြီလ ၇ ရက်နေ့ မနက် ၉ နာရီ ခွဲ ကနေ ၁၀ နာရီဝန်းကျင်ထိ တစ်မြို့လုံးမှောင်မဲသွားသည့်အတွက် မြို့ခံများကြောက်ခဲ့ရသည်။
“အန်တီတို့လားရှိုးမှာနေလာတာ နှစ် ၅၀ ဆယ်ကျော်နေပြီ အခုလိုတခါမှမကြုံဖူးဘူး။ အန်တီတို့မနက်စျေးရောင်းနေရင်း ညရောက်သွားတလိုပဲ ကား၊ဆိုင်ကယ်တွေတောင် မီးတွေဖွင့်ပြီးသွားရတယ်။မှောင်ပြီးတော့ လေပြင်းတိုက် ၊မိုးလည်းရွာလိုက်တာ နာရီဝက်ကြာပြီးတော့ ပုံမှန်အတိုင်းပြန်လင်းသွားတယ်”ဟု ၆၅ နှစ်အရွယ် ဒေသခံ အမျိုးသမီး တစ်ဦမှ ခမ်းသားငေါဝ်းကိုပြောသည်။
အလားတူ မိုင်းရှူး မြို့မှာလည်း ဧပြီလ ၇ ရက်နေ့ နေ့ခင်း ၂ နာရီ ဝန်းကျင်တွင် တမြို့လုံးမှောင်မဲသွားကြောင်း သိရပါသည်။
ယခုလိုဖြစ်စဉ်ဖြစ်ပွားမှုသည် မြို့ခံများက အယူအမျိုးမျိုးဖြင့် ပြောဆိုနေကြပြီး အမှန်တကယ်တွင်မိုးလေဝသဖြင့်သာ ဆိုင်ကြောင်း ပညာရှင်တစ်ချို့က သုံးသပ်ကြသည်။
#PPV005
ပုံ-အွန်လိုင်း
#မိုးလေဝသ
#လားရှိုးမြို့
#တစ်မြို့လုံးမှောင်မဲသွား
#မြို့ခံများကြောက်ခဲ့ရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7