နေအိမ်ပျက်စီးသွားသည့် လားရှိုးဒေသခံများကို တစ်အိမ်ထောင် ကျပ်သိန်း(၅၀)ဖြင့် စုစုပေါင်း ကျပ်သိန်း(၁)သောင်း ၅ ထောင်ကျော်ကို MNDAA
ထောက်ပံ့ပေး
…………………………………………..

ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/19893Qp31j/

လားရှိုးမြို့တွင် တိုက်ပွဲအတွင်း နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံများကို တစ်အိမ်ထောင်လျှင် ကျပ်သိန်း(၅၀)ဖြင့် အိမ်ခြေ(၃၀၉)အိမ်အတွက် သိန်းပေါင်း(၁)သောင်း၅ ထောင်ကျော်ကို (MNDAA) မှ ထောက်ပံ့ပေးကြောင်း ဧပြီလ(၇)ရက်တွင် သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ဧပြီလ(၇)ရက်နေ့၌ တိုက်ပွဲအတွင်း ပျက်စီးသွားသည့် အိမ်ထောင်စု (၃၀၉)အိမ်ထောင်အတွက် သိန်းပေါင်း(၁)သောင်း ၅ ထောင်ကျော် (၁,၅၄၅,၀၀၀,၀၀၀)ကျပ်ကို MNDAA ထောက်ပံ့ပေးကြောင်း သိရသည်။

“ဘယ်လိုပဲဆိုဆို အခုခေတ်က အရာရာ အဆင်မပြေတဲ့အချိန်ဆိုတော့ အခုလို ထောက်ပံ့ပေးတာ ကျေးဇူးတင်ပါတယ်။ တိုက်ပွဲတုန်းက ဆုံးရှုံးခဲ့တဲ့ အိမ်တော့ ပြန်မဆောက်နိုင်သေးပါဘူး။ အဆင်ပြေသလို လုပ်ကိုင်စားသောက်နေရတုန်းပါ”ဟု ဒေသခံအမျိုးသမီး(၁)ဦးက ပြောသည်။

တစ်ဖက်မှာလည်း ယခုလို MNDAAမှ ထောက်ပံ့ပေးအပ်ခြင်းသည် တရားမျှတမှု မရှိကြောင်း၊ နေအိမ် ပျက်စီးဆုံးရှုံးသွားသည့်သူတိုင်း ထောက်ပံ့ကြေး မခံစားရကြောင်း သိရသည်။

“စာရင်းတော့ လာကောက်သွားပါတယ်။ ကျွန်တော်ရဲ့ သူငယ်ချင်းအိမ်ဆိုလည်း အမိုးပေါ်ကနေ လက်နက်ကြီးကျတာ အထကကုတင်တွေပါ အကုန်ပျက်စီးသွားတယ်။ ပြန်နေလို့မရတဲ့ အခြေအနေပဲ။ ဒါတောင် ထောက်ပံ့ကြေးက ကျွန်တော်တို့ကကျ အကျုံးမဝင်ဘူး‌ထင်တယ်၊ မရပါဘူး”ဟု ဒေသခံအမျိုးသားက ပြောသည်။

MNDAAမှ ယခုထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးသည် ‌တိုက်ပွဲအတွင်းက နေအိမ်အလုံးစုံ ပျက်စီးသွားသည့် အိမ်ထောင်စုကိုသာ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း လားရှိုးပြန်လည်ထူထောင်ရေးမှာ ဖော်ပြထားသည်။

ထောက်ပံ့ကြေးရရှိသူစာရင်းပါပြီး အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများတွင် အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူး၏ ထောက်ခံချက်ဖြင့် သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

လားရှိုးဒေသခံများသည် လက်ရှိတွင် ဧပြီလ(၂၁)ရက်မှာ ကိုးကန့်တပ်(MNDAA)မှ မြို့အတွင်း ပြန်လည်ဆုတ်ခွာကာ စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်မည်ဆိုသည့် သတင်းကြောင့် စိုးရိမ်ပူပန်မှု ရှိနေကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လားရှိုးမြို့
#နေအိမ်ပျက်စီးဆုံးရှုံး
#MNDAA
#ထောက်ပံ့ကြေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7