နိုင်ငံတဝန်း ငလျင်ကြောင့်သေဆုံးသူ(၃၆၀၀) ကျော်ရှိလာကြောင်း စစ်ကောင်စီထုတ်ပြန်
…………………………………………

ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1EbQ8Wu4ma/

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နိုင်ငံတဝန်းသေဆုံးသူ (၃၆၄၅)ဦး အထိ ရှိလာကြောင်း ဧပြီလ(၈)ရက်တွင် စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်မှာ လှုပ်ခတ်ခဲ့သော ပြင်းအား(၇.၇)ရှိသော မြေငလျင်ကြီးကြောင့် သေဆုံးသူ များစွာရှိ‌နေပြီး ဒဏ်ရာရရှိသူ (၅၀၁၇)ဦးနှင့် ပျောက်ဆုံးနေသူ (၁၄၈)ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

ငလျင်ဘေး ရင်ဆိုင်နေရသော မြန်မာပြည်သူများအတွက် ကူညီကယ်ဆယ်ရန် နိုင်ငံပေါင်း (၂၀)မှ ကယ်ဆယ်ရေးဝန်ထမ်း (၁၇၃၈)ဦးကဖြင့် ကူညီကယ်ဆယ်နေကြောင်း ဆိုထားသည်။

မတ်လ(၂၈)ရက်မှာ လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် မြေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ တို့မှာငလျင်ဒဏ်သင့်မှုကြောင့် ယခုချိန်ထိ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ငလျင်ကြောင့်
#နိုင်ငံတဝန်းသေဆုံးသူ
#စစ်ကောင်စီထုတ်ပြန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7