နားဘောင်၊ ညိုးမီးရှိ စစ်ဘေးရှောင်များကို PNO ပြည်သူ့စစ်က ကူညီခြင်းခွင့်မပြု
……………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1ABziRofHd/

နားဘောင်၊ညိုးမီး ကျေးရွာနှင့်ဘုန်းကြီးကျောင်းများရှိ စစ်ဘေးရှောင်များကို PNO ပြည်သူ့စစ်က ကူညီခြင်းခွင့်မပြုခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နားဘောင်ကျေးရွာ၊ ညိုးမီးကျေးရွာရှိ စစ်ဘေးရှောင်များကို PNO ပြည်သူ့စစ်အဖွဲ့ဝင်အုပ်ချုပ်ရေးမှူးက ကူညီခြင်းခွင့်မပြုခဲ့ခြင်းကြောင့် လှည့်ပြန်ခဲ့ရသည်၊၊

“စစ်ဘေးရှောင်တွေအကူအညီလိုတယ်ပြောလို့ကျွန်မတို့က သွားကူညီမယ်လုပ်တယ်။စစ်ဘေးရှောင်စခန်း မဝင်ခင်မှာဘဲ အုပ်ချုပ်ရေးမှုးတွေက ပေးမဝင်ဘူး။ ကျွန်မတို့ကလည်း စစ်ဘေးရှောင်တွေ ဒုက္ခရောက်မှာစိုးတာရယ် ကျွန်မတို့ လုံခြုံရေးတွေကြောင့် ဒီတိုင်းဘဲ ပြန်ဆုတ်ခဲ့ရတယ်။ ကူညီခွင့်မရခဲ့ဘူး”ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နားဘောင်၊ ညိုးမီးရှိစစ်ဘေးရှောင်အများစုသည် စာသင်သော ကလေးငယ်များဖြစ်ပြီး ယခုအချိန်တွင် အရေပြားယားနေရောဂါလည်းဖြစ်ပွားနေကြောင်းသိရသည်။

ယင်းစစ်ရှောင်အများစုသည် ဆီဆိုင်၊ပင်လောင်း၊ဖယ်ခုံ၊မိုးဗြဲနှင့်ကရင်နီပြည်ဖက်မှ ဒေသခံများဖြစ်ကြပြီး လူဦးရေ ၁ ထောင်နီးပါးရှိ ကြောင်းသိရသည်။

#PPV005
#တောင်ကြီးမြို့နယ်
#နားဘောင်ကျေးရွာ
#ညိုးမီးကျေးရွာ
#စစ်ဘေးရှောင်များ
#PNO
#ပြည်သူ့စစ်ကကူညီခြင်းခွင့်မပြု

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7