ငလျင်ဘေးသင့်မြန်မာနိုင်ငံအတွက် ဂျပန်က COE သက်တမ်းကို (၆)လအထိတိုးပေး
……………………………………
ခမ်းသားငေါဝ်း
ဧပြီ ၈၊ ၂၀၂၅
https://www.facebook.com/share/p/165Trjs9B7/
မြန်မာနိုင်ငံတွင် ငလျင်ဒဏ် သက်ရောက်မှု များကြောင့် (OWIC)ကတ် ထုတ်ပေးရန် နှောင်နှေးလျက်ရှိသဖြင့် ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်မည့်သူများအတွက် ကာလရှည်နေထိုင်ခွင့်လက်မှတ် Certificate Of Eligibility (COE)ကို ယခင်(၃)လမှ (၆)လအထိ တိုးထားပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီလ(၈)ရက်တွင် ထုတ်ပြန်သည်။
လက်ရှိ မြန်မာနိုင်ငံ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ OWIC ကတ်ထုတ်ပေးရန် နှောင့်နှေးနေမှုကြောင့် ဂျပန်သံရုံးမှ မြန်မာဗီဇာရရှိထားပြီး ပြည်ပထွက်ခွာရန် စောင့်ဆိုင်းနေရသည့် အလုပ်သမားများအတွက် (COE) သက်တမ်းကို တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ စစ်မှုထမ်း အကျုံးဝင် အသက်အရွက်ရှိ လူငယ်များကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ပသို့ ထွက်ခွာမည့် မြန်မာနိုင်ငံအလုပ်သမားများအတွက် OWIC ကတ်ထုတ်ပေးခြင်းကို ဖေဖော်ဝါရီလ(၁၈)ရက်က ရပ်ဆိုင်းခဲ့ရာမှ ယခုဧပြီလ(၈)ရက်နေ့မှာ အကန့်အသတ်ဖြင့် ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။
PPV0011
#လူ့အခွင့်အရေး
#မြန်မာနိုင်ငံ
#ငလျင်ဒဏ်သက်ရောက်မှုများ
#OWIC
#ဂျပန်နိုင်ငံသို့အလုပ်လုပ်ကိုင်မည့်သူများအတွက် #ကာလရှည်နေထိုင်ခွင့်လက်မှတ်
#Certificate Of Eligibility
#COE
#မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7