ငလျင်ကြောင့် ပျက်စီးသွားသည့် အင်းလေးဒေသရှိ ရွာများ နေအိမ်ပြန်လည်တည်ဆောက်ရန် အကူအညီလိုအပ်နေဆဲ
……………………………………….
ခမ်းသားငေါဝ်း
ဧပြီ ၉၊ ၂၀၂၅
https://www.facebook.com/share/p/18fWCCwFYx/
အင်းလေးဒေသတွင် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန် ငလျင်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးမှု (၂၄၀၀)ခန့်ရှိပြီး ပျက်စီးသွားသည့်ရွာတိုင်းလိုလို နေအိမ်ပြန်တည်ဆောက်ရန် အကူအညီလိုအပ်နေဆဲ ဖြစ်ကြောင်း ဧပြီလ(၉)ရက်တွင် သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရွာပေါင်း (၂၅)ရွာမှ ပျက်စီးဆုံးရှုံးသွားသည့် ရွာများအတွက် လက်ရှိတွင် အလှူရှင်များကြောင့် စားသောက်ဖို့ရန် အဆင်ပြေသလောက် ဖြစ်နေပြီး နေထိုင်ဖို့ နေအိမ်ဆောက်လုပ်ရန်အပိုင်းတွင် အကူအညီလိုအပ်နေဆဲ ဖြစ်ကြောင်း ကူညီသူထံမှ သိရသည်။
“ဟို စားဖို့သောက်ဖို့အပိုင်းမှာတော့ ဒါကျွန်တော်တို့ရောက်တဲ့ နေရာတွေမှာတော့ မြင်နေရတဲ့အတိုင်း အလှူရှင်လည်း တော်တော်ရောက်ကြပါပြီ။ နောက်ထပ် မိုးရာသီလည်း နီးလာတော့ ယာယီတဲဆောက်ဖို့အတွက် သွပ်တို့ ဝါးတို့ ငွေ စတဲ့ အိမ်ဆောက် ပစ္စည်းတွေပေါ့နော် အဲ့တာတွေ လိုအပ်နေတာက များတယ်။ ကူနေတဲ့အလှူရှင်လည်း ကူနေကြပါတယ်”ဟု ငလျင်ဘေး ကူညီနေသူက ပြောသည်။
တစ်ဖက်မှာလည်း ယာယီနေအိမ် ပြန်လည် တည်ဆောက်ရာမှာ အသုံးပြုသည့် ဝါး၊ သက်ကယ် စသည်တို့မှာ ဒေသခံများကိုင်တိုင်မှ ဈေးတင်ရောင်းကြတာမျိုး ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဝါးဆိုရင် တလုံးကို (၈)ထောင်ကနေ (၁)သောင်းခွဲလောက်ရှိတယ်။ သက်ကယ်ဆိုလည်း အချပ်တစ်ရာကို (၉)သောင်းအထိ ဈေးမြင့်တင်ရောင်းကြတာရှိတယ်။ ဒီလိုခက်ခဲတဲ့ကာလမှာ အကုန်လုံး ဝိုင်းဝန်းကူညီကြရင် ပိုမကောင်းဘူးလားေပါ့ဗျာ”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်မှာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း သေဆုံးသူ (၃၆၀၀)အထိ ရှိလာကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာလည်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့်အပြင် သေဆုံးသူ(၁၀၀)ကျော်အထိ ရှိကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ပျက်စီးဆုံးရှုံးသွားသည့်ရွာများ
#စားသောက်ဖို့ရန်အဆင်ပြေသလောက်ဖြစ်နေ
#နေထိုင်ဖို့နေအိမ်ဆောက်လုပ်ရန်
#အကူအညီလိုအပ်နေဆဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7