ATOM ဆင်းကဒ်သုံးစွဲသူများထံ လောင်းကစားဂိမ်း မက်ဆေ့အဆက်မပြတ်ပို့ခံရ၍ စိတ်အနှောက်ယှက်ဖြစ်နေ
………………….
ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅
https://www.facebook.com/share/p/1591Jo6E4a/
ယခုရက်ပိုင်းအတွင်း ATOM ဆင်းကတ် သုံးစွဲသူများထံသို့ လောင်းကစားဂိမ်း မက်ဆေ့များ အဆက်မပြတ် ပို့ခံရ၍ စိတ်အနှောက် အယှက် ဖြစ်မိကြောင်း သုံးစွဲသူများထံမှ သိရသည်။
ထိုသို့ ATOM ဆင်းကတ်များထံ မက်ဆေ့များ ပို့ရာတွင် ဂိမ်းအကောင့် မဖွင့်မချင်း မက်ဆေ့များပေးပို့ သွားမည်ဟူ၍လည်း ခြိမ်းခြောက်စာ ဆန်ဆန် ရေးသားပေးပို့ချက်များလည်း ပါဝင်ကြောင်း ကာယကံရှင်များ ပြောပြချက် အရ သိရသည်။
အကျိုးခံစားခွင့်များ ရယူရန် ငွေဖြည့်ပါက သင့်အား ထပ်မံမပို့တော့ပါ ၊ ငွေမဖြည့်မချင်း ဖုန်းနံပါတ် မျိုးစုံဖြင့် မက်ဆေ့များ ပေးပို့သွားမည်ဖြစ်ကြောင်းကိုလည်း ပို့နေကြခြင်း ဖြစ်သည်။
“ATOMကို ကျားဖြန့်တွေ ဝယ်လိုက်သလားတောင် အောင့်မေ့ရတယ်။ အခု ရက်ပိုင်း တစ်ပတ် အတွင်း ပို့လိုက်တဲ့ မက်ဆေ့တွေ လေးငါးဆယ်ခု အပြည့်ပဲ ရှိတယ်။ ဘာကြောင့် ပို့နေတာလဲ မသိဘူး”ဟု ဖုန်းသုံးစွဲသူ တစ်ဦးက ဆိုသည်။
တချို့ အပျော်တမ်းအွန်လိုင်းငွေကြေး လောင်းက စားဂိမ်းဆော့ကစားသူများလည်း ရှိပြီး ၊ ဆော့ကစားရင်း စွဲလမ်း ဂိမ်းစွဲသူများလည်း ရှိနေကြောင်း ရပ်ကွက်အတွင်း အခြေခံ လူတန်းစားများထံမှ သိရသည်။
ထိုဖြစ်စဉ်များကို အော်ပရေတာများနှင့် သက်ဆိုင် ရာ အုပ်ချုပ်ရေး ဘက်မှ မသိကျိုးကျွန်ပြု ကာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သုံးစွဲသူများကပြောသည်။
ဖုန်း အော်ပရေတာ များ အနေဖြင့် အဆိုပါ ဖြစ်စဉ်များကို တာဝန်ယူ ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး ၊ လောင်းကစားမှု များကို ခွင့်ပြုပေးနေသလို ဖြစ်နေကြောင်း သုံးစွဲသူ တစ်ဦးက လည်း ဆိုသည်။
#PPV-006
#social
#ATOM
#မက်ဆေ့
#လောင်းကစာဂိမ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။