အဘွားဖြစ်သူအား ဆန်လှူချင်သောကြောင့် ဆိုင်ကယ်နှင့်လိုက်သယ်ရန် လိမ်လှည်ခေါ်ပြီး လမ်းတွင်တွန်းချကာ ဆိုင်ကယ်မောင်းပြေးမှုဖြစ်ပွား
…………………………………………
ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅
https://www.facebook.com/share/p/156kJByWip/
တောင်ကြီးမြို့တွင် အဘွားကိုဆန်လှူချင်သည့်အတွက် ဆိုင်ကယ်နှင့်လိုက်သယ်ရန် မြေးကိုခေါ်သွားပြီး လမ်းတွင်တွန်းချကာ ဆိုင်ကယ်မောင်းပြေးသွားကြောင်း တောင်ကြီးမြို့ခံထံမှ သိရသည်။
တောင်ကြီး မီးပုံးပျံကွင်းဈေးသို့ ဧပြီ ၅ ရက်နေ့ ၉ နာရီခွဲကျော်အချိန့်ခန့်တွင် ဆိုင်ကယ်နှင့်ဈေးဝယ်ထွက်သည့် မြေးအဘွားအား လူလိမ်ကအဘွားအားဆန်လှူချင်ကြောင်း ဆိုင်ကယ်နှင့်လိုက်သယ်ရန် ခေါ်ဆောင်သွားပြီး လမ်းတွင်တွန်းချကာ ဆိုင်ကယ်မောင်းပြေးသွားသည်။
“မီးပုံးပျံကွင်းဈေးမှ ဧရာဝတီလက်ဘက်ရည်ဆိုင်ဘေး တောင်ဘက်လမ်းကို မောင်းပြေးသွားတယ်လို့သိရတယ်” ဟု ဖြစ်စဉ်သိရှိသူ ပြောသည်။
ဆန်လိုက်သယ်သည့်မြေးဖြစ်သူသည် ခေါင်းတွင်ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်၊၊
“လူလိမ်တွေကိုဖမ်းသင့်တယ် လုပ်စာရရင်လုပ်စားနေတာ အရှောင်သမာတွေကိုဝိုင်လုပ်ကြရမယ် မြိုထဲဖြစ်ပြီးမိပုံပျံကွင်ထဲမှာ လူလိမ်လုယူသူတွေရှိနေတာမဖြစ်သင့်ဘူး”ဟု မိသားစုတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်၊၊
တောင်ကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း သူခိုးများ၊ လုယှက်မှုများ၊ နေအိမ်ဖောက်ထွင်းမှုများ၊ မီးကြိုးကအစအခိုးခံရခြင်း၊ အပြင် ဈေးတွင်လည်း တောင်းစားသည့်သူများ များလာလျှက်ရှိကြောင်း သိရသည်။
PPV001
ပုံ”အွန်လိုင်း
#တောင်ကြီး
#မီးပုံးပျံကွင်းဈေး
#ဆိုင်ကယ်နှင့်ဈေးဝယ်ထွက်
#မြေးအဘွား
#လူလိမ်
#ဆိုင်ကယ်မောင်းပြေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7