အင်းလေး ငလျင်ဒဏ်ကြောင့် ယိုင်စောင်းသွားသည့်အိမ်များ ပြုပြင်ရန် လက်သမားရှားပါးနေ
………………………………………..
ခမ်းသားငေါဝ်း
ဧပြီ ၇၊ ၂၀၂၅
https://www.facebook.com/share/p/12Gbt3GQnwg/
အင်းလေးဒေသရှိ ငလျင်ဒဏ်ကြောင့် ယိုင်စောင်သွားသောအိမ်များ ပြုပြင်ပေးသည့် လက်သမားရှားပါးကြောင့် ဒေသခံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ အင်းလေးဒသခံရှိ ငလျင်ဒဏ်ကြောင့် ရွာပေါင်း ၁၉ရွာရှိ အိမ်ခြေ ၂၄၀၀ ခန့် ထိခိုက်ပျက်စီးမှု ရှိခဲ့သဖြင့် ပျက်စီး သွားသည့်အိမ်များ ပြန်ဆောက်ရန် လူအင်းအားဖြင့် လွယ်ကူသော်လည်း ယိုင်စောင်းသွားသည့် အိမ်များ ပြုပြင်ရန် ဝါရင့်လက်သမားသာ လုပ်ဆောင်နိုင်သဖြင့် လက်သမားရှားပါးသည့် အခက်ခဲကြုံနေရကြောင်း သိရသည်။
“အိမ်က ပြန်ပြင်လို့ရတယ်ဆိုပေမဲ့လည်း သိတဲ့အတိုင်းနေရာတိုင်းက ဖြစ်နေတာဆိိုတော့ ပြန်ပြင်တဲ့ လက်သမားရှားတယ်ကွာ အသစ်ဆောက်တဲ့လက်သမားပေါပေမဲ့ ၊ဟောင်းစောင်းလို့ ရွဲ့သွားတာတို့ အိမ်နိမ့်ကျသွားတာတို့ ပြန်မြင့်တာတို့ဆိုရင် တော်ရုံလက်သမားဆို လုပ်မနိုင်ဘူးလေ ၊ လုပ်တက်တဲ့သူတွေမှဘဲ လုပ်လို့ရတယ်လေ ဒီတိုင်းရှိတဲ့ဟာနဲ့ဘဲလုပ်မယ်ဆို အိမ်က ဖျက်လိုက်သလို့ဖြစ်သွားမှာဆိုးတယ် အထာသိမှာရမှာပေါ့”ဟု ဒေသခံတစ်ဦးမှပြောသည်။
အင်းလေးဒေသရှိ ဝါရင့်လက်သမားများသည် အင်းလေး ရွာကြီးတောင်တွင် တစ်ဖွဲ့တာရှိ၍ ၎င်းတို့၏ အိမ်ကို ပြုပြင်နေရပြီး လောလောဆယ် မလုပ်ပေးနိုင်သေးကြောင်းနှင့် လာခေါ်သူမှာလည်းလူဦးရေ များသဖြင့် ယိုင်စောင်းသွားသည့် အိမ်ပြုပြင်ရန်ဝါရင့်လက်သမားမှာ ရှားပါးကြောင်းသိရသည်။
ထို့ပြင်ယိုင်စောင်းသွားသည့် အိမ်များ ပြန်လည် ပြုပြင်ရန်အတွက် လက်သမားခါ နှစ်ခါကုန်ကျနိုင်ကြောင်းသိရသည်။
“ပျက်စီးသွားတဲ့အိမ်ဆို ကောက်ဖယ်ပြီး ပြန်ဆောက်လို့ရတယ် ယိုင်သွားတဲ့အိမ်ဆိုရင် ပြန်ဖျက်ရမယ် လက်သမားနှစ်ခါကုန်တယ်၊ ပျက်သွားတဲ့အိမ်ဆိုရင်တော့ ရွာသားတွေဝိုင်းပြီး ဆောက်ကူလို့ရသေးတယ် ဟိုဟာကြတော့ ဖျက်လည်းဖျက်ရမယ်ပျက်သွားတဲ့အိမ်ကိုလည်းပြန်ဆောက်ရမယ် ဆိုရင် သူတို့အတွက်တော့တော်တော်လေးရင်ကျိုးရပြီးပေါ့”ဟု ဒေသခံတစ်ဦးမှ ဆက်ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင်မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် နေအိမ် ၂၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး အဓိကပျက်စီးသွားသည့် အိမ်များအတွက် စက်ပစ္စည်းယန္တရားများနှင့် အိမ်ဆောက်ရန်လိုအပ်သည့်ပစ္စည်း များလိုအပ်နေကြောင်းသိရသည်။
PPV0013
ပုံ-အွန်လိုင်း
#ညောင်ရွှေမြို့
#အင်းလေးဒသ
#ငလျင်ဒဏ်
#ပျက်စီးသွားသည့်အိမ်များ
#ယိုင်စောင်းသွားသည့်အိမ်များ
#လက်သမားရှားပါး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7