လားရှိုးမြို့တွင် ဆိုင်တစ်ဆိုင် ဓားမြတိုက်မှုဖြစ်ပွားပြီး ကား၊ဖုန်း၊ဆွဲကြိုး၊မီးခံသေတ္တာများပါသွား
……………………………………
ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅
https://www.facebook.com/share/p/1Dgj93aE3v/
လားရှိုးမြို့တွင် ဆိုင်တစ်ဆိုင်ကို အမျိုးသား ၄ ဦးက လာရောက်ပြီး ဓားပြဝင်တိုက်ခဲ့ပြီး ဆိုင်ရှင်ကို ရိုက်နှက်သွားသည့်အပြင် ကား၊ဖုန်း၊ဆွဲကြိုး၊မီးခံသေတ္တာများပါ ယူသွားခဲ့ကြောင်း မြို့ခံထံကသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့၊ ဧပြီလ ၅ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင် ရက်ကွက် ၁ ၊နယ်မြေ ၉ ၊နတ်ရေကန်လမ်းသွယ် ၅ တွင် နေထိုင်သော ဦးထွန်းထွန်းနိုင်+ ဒေါ်သန္တာသိန်းတို့ ဆိုင်တွင် လူတစ်စုက ဓားမြဝင်တိုက်ခဲ့သည်။
“ကျွန်တော်ကတော့ လောင်းကစားဝိုင်းတွေများလာလို့အဲ့လိုတွေများလာတယ်လို့ထင်ပါတယ်။ မနေ့ဆို လူကိုတောင်ရိုက်နှက်သွားသေးတယ်။ ဓားမြက ဓားတွေသေနတ်တွေနဲ့ဆိုတော့ ဘာမှလည်းပြန်မလုပ်နိုင်ဘူး ”ဟုလားရှိုးမြို့နေ အမျိုးသားတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ညနေပိုင်းမှာလည်း လားရှိုးမြို့နယ် ခေးနင်း ကျေးရွာအနီး ခြံထဲအိပ်နေသောသားဖနှစ်ယောက်ကိုသတ်ပြီး ကားယူသွားသည့် ဖြစ်စဥ်လည်းရှိခဲ့ကြောင်း သိရသည်။
ယခုလားရှိုးမြို့တွင် လောင်းကစားဝိုင်းများကိုလည်းတရားဝင်ခွင်ပြုထားပြီး ဓားမြတိုက်သည့် ဖြစ်ရပ်နှင့် လူနေအိမ်များကို ဖောက်ထွင်ခံရမှုလည်းများပြားလျက်ကြောင်းသိရပါသည်။
#PPV005
ပုံ-အွန်လိုင်း
#မှုခင်း
#လားရှိုးမြို့တွင်
#ဆိုင်တစ်ဆိုင်
#ဓားပြဝင်တိုက်ခဲ့
#ဆိုင်ရှင်ကိုရိုက်နှက်သွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7