လားရှိုးမြို့ကို MNDAA ကစစ်ကောင်စီကို လွဲပြောင်းပေမည်ဆိုသည့်သတင်းကြောင့် ဒေသခံများစိုးရိမ်နေ
…………………………………………
ခမ်းသားငေါဝ်း
ဧပြီ ၇၊ ၂၀၂၅
https://www.facebook.com/share/p/1R3Xuf7szZ/
လားရှိုးမြို့ကို ကိုးကန့်တပ်မတော်MNDAA ကဧပြီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီကိုလွှဲပြောင်းပေးမည်ဆိုသည့် သတင်းကြောင့်လားရှိုးဒေသခံများက စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြှောက်ပိုင်း၊လားရှိုးမြို့၊ရက်ကွက် ၁ ကနေမှ ရပ်ကွက် ၁၂ အထိကို စစ်ကောင်စီပြန်အုပ်ချုပ်မည်ဆိုသည့်အပေါ် ဒေသခံပြည်သူများက စစ်ကောင်စီဘက်က စစ်မှုထမ်းကောက်ယူမည်ကိုစိုးရိမ်နေကြရကြောင်းသိရသည်။
“လက်ရှိ မှာတော့သတင်းတွေကပြန့်နေတာ စစ်တပ်ဘက်ကပြန်ဝင်မယ်ဆို တော့ စစ်မှုထမ်းကောက်မှာလည်းစိုးရိမ်တယ်။ကျွန်တော်တို့ ကပြန်ပြေးရမလားဆက်နေရမလားကိုမသိတော့ဘူး”ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ထို့အပြင် လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော CDM ဝန်ထမ်းများကလည်း စိုးရိမ်ပူပန်မှုများဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေရကြောင်း၄င်းကဆက်ပြောသည်။
တရုတ်နိုင်ငံ ကြားဝင်ညှိနှိုင်းပေးမှုအရ MNDAAတပ်သည် လားရှိုးမြို့ကို လာမည့် ဧပြီလ တတိယပတ်တွင် စစ်ကောင်စီထံပြန်လည်လွဲပြောင်းပေးမည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#စစ်ရေး
#လူ့အခွင့်အရေး
#လားရှိုးမြို့
#ကိုးကန့်တပ်မတော်
#MNDAA
#စစ်ကောင်စီကိုလွှဲပြောင်းပေး
#စိုးရိမ်ပူပန်နေကြ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7