ပြည်သူများ ငလျင်ဘေးဒဏ်သင့်သည့်အချိန် တောင်ကြီးတွင် စစ်မှုထမ်းမဲနိုက်ရန် စီစဉ်
…………………
ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅

https://www.facebook.com/share/p/1FuyvsFNSr/

ပြည်သူများ ငလျင်ဘေးကြောင့် အခက်ခဲမျိုးစုံကြုံတွေ့နေရချိန် တောင်ကြီးမြို့ ရတနာသီရိရက်ကွက် နယ်မြေ (၈) တွင် စစ်မှုထမ်းမဲနိုက်ရန်ဧပြီ ၅ ရက်နေ့က ရပ်ကွက်ရုံးမှ အစည်းဝေးခေါ်ယူနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရတနာသီရိရပ်ကွက် နယ်မြေ(၈) ရပ်ကွက်ရုံးမှ လူငယ်၏ မိဘကိုခေါ်ယူပြီး အထက(၉) ကျောင်းတွင် စစ်မှုထမ်းမဲနိုက်ရန် ပြုလုပ်စီစဉ်နေပြီး လူငယ်မိဘများက မလုပ်ရန် ဝိုင်းပြောရာမှ မဲမနိုက်ဖြစ်ဘဲ သင်္ကြန်ရှေ့အထိ လူရှာရန် အချိန်ထပ်ရွေ့လိုက်ကြောင်းသိရသည်။

‘’မိဘတွေကို မဲနိုက်ဖို့ အကြောင်းကြားတာ မနေ့ကရယ် မနေ့ရှေ့တနေ့ကပါ ဒီနေ့ အထက(၉)မှာ မဲနိုက်မယ်ဆိုပြီး အိမ်ကိုအကြောင်းကြားတာ၊ အစည်းဝေးမှာ မိဘတွေက ကလေးနိုင်ငံခြားမှာ တခြားမြို့မှာ ပြောတာကို လက်မခံဘူး ကလေးဒီမှာမရှိရင် ကလေးအစားမိဘ ကမဲနိုက်ရမယ်တဲ့”ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

သင်္ကြန်ရှေ့တွင် စစ်မှုထမ်းရန် လူရှာမရပါက နာမည်စာရင်းပါသည့်သူများကို မဲနိုက်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်စစ်မှုထမ်းပါသွားသည့်သူများသည် ရှေ့တန်းသို့ပို့ဆောင်ခံရပြီး ဘာသတင်းမှမကြားဘဲ သေသွားကြသဖြင့် သေတွင်းကို ဘယ်သူကမှမသွားချင်ကြကြောင်းသိရသည်။

ရတာသီရိရပ်ကွက် နယ်မြေ(၈)တွင် စစ်မှုထမ်းလူငယ်နာမည်စာရင်း (၁၂၀) ဦးရှိထားပြီး၊ စစ်မှုထမ်းကောက်ယူ ရာတွင် လေးကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူသည် ဓားထိုးခြင်းလုပ်ကြံခံရဖူးပြီး တိုးတိုးတိတ်တိတ်ဖြင့် ကုသနေသည်မှာသုံးလကြာပြီ ဖြစ်ကြောင်းသိရသည်။

#ppv002
#Humanright
#စစ်မှုထမ်း
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။