ပအိုဝ်းဒေသတွင် ကြုံတွေ့နေရသည့် ငလျင်ဒဏ်အား ပအိုဝ်းဒေသအာဏာပိုင်များထံမှ အကူအညီမရ
………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅

https://www.facebook.com/share/p/18exEgWggX/

ပအိုဝ်းဒေသတွင် ကြုံတွေ့နေရသည့် ငလျင်ဒဏ်အား ပအိုဝ်းဒေသအာဏာပိုင်များက လာရောက်ကူညီခြင်းများ မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးများရှိနေသော်လည်း ပအိုဝ်းအာဏာပိုင်များက လာရောက်ကူညီပေးခြင်းမျိုးမရှိကြောင်း သိရသည်။

“ငွေတွေကောက်စရာရှိရင်တော့ ပအိုဝ်းရွာတွေက ပအိုဝ်းပြည်သူတွေဆီကနေကောက်တယ် ငလျင်ဘေးတွေ့တော့ ဗမာပြည်ဘက်ကိုပဲလှူတဲ့ သတင်းတွေ့တော့ စိတ်မကောင်းဘူးပေါ့နော်” ဟု ပအိုဝ်းပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မတ်လ ၂၈ ရက်၌ အင်အားပြင်ငလျင်ကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် ထိခိုင်ဆုံးရှုံးများရှိနေပြီး PNO ခေါင်းဆောင် ဦးအောင်ခမ်းထီမိသားစု၊ ဥက္ကဌ ဦးနေဝင်းထွန်းမိသားစုနှင့် PNO အဖွဲ့ဝင်များက ကျပ်သိန်းပေါင်း (၂၈၀၀)ကျပ်အား စစ်ကောင်စီထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊

PPV001
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ငလျင်
#ပအိုဝ်းဒေသ
#ပအိုဝ်းဒေသအာဏာပိုင်များ
#လာရောက်ကူညီခြင်းများမရှိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7