တောင်ကြီးမြို့၊ အမှတ် ၂ ရဲစခန်း နောက်ကျောဘက်ဝန်ထမ်းအိမ်ရာ မီးလောင်မှု ဖြစ်ပွား
……………….
ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅
https://www.facebook.com/share/p/19xKGcGVD7/
ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ မင်္ဂလာဦး ရပ်ကွက် အမှတ် ၂ ရဲစခန်း နောက်ကျောဘက်ဝန်ထမ်း အိမ်ယာ တစ်လုံး ဧပြီလ ၆ ရက် ညနေပိုင်း ၄ နာရီ ဝန်းကျင်အချိန် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်၊
အမက(၁၀)ကျောင်းအနီးရဲစခန်းအနောက်ဘက်ဝန်ထမ်းအိမ်ယာ ဖြစ်ပြီး မီးလောင်ခြင်းကြောင့် နေအိမ် တစ်လုံးပျက်စီး ဆုံးရှုံး ခဲ့ရ ကြောင်း သိရသည်။
“အမှတ်2ရဲစခန်းနောက်ကျောဖက် ဒေါ်ကေသီအိမ်လို့ပြောပါတယ်အိမ်ရှင်တွေ မရှိကြဘူးလျှပ်စစ်တွေ ဖွင့်ထားမိခဲ့တာလားမသိဘူး မီးက လာလိုက်ပျက်လိုက်ဆိုတော့ အပြင်ထွက်ရင်လျှပ်စစ်ပစ္စည်းတွေ စစ်ဆေးပြီးမှ ထွက်ကြပါ။”ဟုဒေသခံတစ်ဦးကလည်းပြောသည်။
ဧပြီလ ၃ ရက် ညနေခင်း ၄ နာရီကျော် အချိန်တွင်လည်း အင်းလေးကန် မိုင်းသောက် ကြံပုံငယ်ရွာ ရှိ ဦးတေဇပိုင် Myanmar Treasure Resort ဟိုတယ် မီးလောင် ပျက်စီးသွားပြီး ပင်မဆောင်၊ စားသောက်ခန်း အပါအဝင်၊ ဟိုတယ် အခန်း ဘန်ဂလို ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
#PPV-006
#မီးလောင်မှု
#တောင်ကြီး
#မင်္ဂလာဦး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
photo credit