တောင်ကြီးတွင် ငလျင်ဘေးကူညီသူလူငယ်တစ်ဦး ဖမ်းဆီးခံရပြီး ပြန်လည်လွှတ်မြှောက်လာ
…………………………………….
ခမ်းသားငေါဝ်း
ဧပြီ ၇၊ ၂၀၂၅
https://www.facebook.com/share/p/1BWKAt72Ea/
တောင်ကြီးတွင် ငလျင်ဘေးကူညီသူလူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းစီးပြီး ၈ နာရီအကြာတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဧရာဝတီကဖေး အနီးတွင် ငလျင်ဘေးကို ကူညီနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းစီးခဲ့ကြောင်းသိရသည်။
“လူကိုလည်းဖမ်းသွားတယ်။ ပစ္စည်းကိုလည်း သိမ်းသွားတယ်။ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်မှာဖမ်းတယ် ည ၈ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်။စစ်ဘေးရှောင်ကူညီရေးအတွက် အလှူခံနေတာနဲ့ မှားဖမ်းတာတဲ့။”ဟု ဖြစ်စဉ်သိသူတစ်ဦးက ပြောသည်။
ထို့အပြင်တောင်ကြီးမြို့ နေရာအနှံ့အပြားတွင် စစ်ဆေးရေးဂိတ်လည်းချထားပြီး ငလျင်ကူမည့်သူများကို ကူညီကယ်ဆယ်ရေးလက်မှတ် တောင်းစစ်ခြင်းလည်းပြုလုပ်နေကြောင်းသိရသည်။
မတ်လ၂၈ ရက်နေ့တွင် လှုပ်ခတ်သော အင်အားပြင်းငလျင်ကြောင့် နိုင်ငံအတွင်း ထိခိုက်ဆုံးရှုံးမှုများပြားနေသည့်ကာလတွင် ကူညီကယ် ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု ဧပြီလ ၅ ရက်နေ့တွင် နေပြည်တော်မှ ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားသည်။
#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ကျောင်းကြီးစုရပ်ကွက်
#ဧရာဝတီကဖေး
#ငလျင်ဘေးကိုကူညီနေသည့်လူငယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7