ငလျင်လှုပ်ပြီးနောက် ပင်လောင်းတွင် ဘီးလပ်မြေစျေး မြှင့်တက်နေ
………………………………………

ခမ်းသားငေါဝ်း
ဧပြီ ၆၊ ၂၀၂၅

https://www.facebook.com/share/p/18WhFNBok7/

ငလျင်လှုပ်ပြီးနောက် ပင်လောင်းမြို့တွင် ဘီးလပ်မြေစျေး ၁ သောင်း ၉ ထောင်ကျပ်ကနေမှ ၂ သောင်း ၉ ထောင် ကျပ်အထိ ရုတ်တရက် စျေးတက်သွားကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့တွင် မတ်လ၂၈ ရက် လှုပ်ခတ်သော အင်းအားပြင်းငလျင်ကြောင့် ဒေသခံနေအိမ်များစွာ ပျက်စီးပြီးနောက် ဘီလပ်မြေစျေးမြှင့်တင်ရောင်းကြသဖြင့် စျေးတက်သွားခဲ့သည်။

“ငလျင်ကြောင့် အကုန်လုံးကပူလောင်နေရတယ် အိမ်ပျက်သူကပျက်နဲ့ အိမ်ပြန်ပြင်ဖို့ ဘီးလပ်မြေဝယ်တာ တစ်ပတ်အတွင်း စျေးတော်တော်ကွာဟသွားတယ်။စျေးရောင်းတဲ့သူက မတရားအမြတ်ကြီးဘဲစားနေတယ်။စိတ်ဓာတ်ကတော်တော် အောက်တန်းကျကြတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မတ်လ၂၈ ရက် အင်အားပြင်းငလျင်ကြောင့်ပင်လောင်းမြို့နယ် နန်းပန်းရွာ၊မြှောက်ထီဗွာကျေးရွာ ၊ဝါးလီးရွာ၊ပင်ခွန်ရွာ၊ကောင်ဗာရွာ တို့တွင် လူနေအိမ် ၅၀၀ ကျော်ပျက်စီးသည့်အပြင် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ယခုတွင် ပျက်စီးသွားသောနေအိမ်လည်း အကူအညီလိုအပ်လျက်ရှိပြီး နောက်ဆက်တွဲ ငလျင်ငယ်လည်း လှုပ်နေဆဲဖြစ်သောကြောင်း ငလျင်ဘေးဒဏ်သင့်ခဲ့သောရွာသားများ အိမ်ပေါ် မတက်အိပ်ရဲကြသေးကြောင်း သိရသည်။

#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#နန်းပန်းရွာ
#မြှောက်ထီဗွာကျေးရွာ
#ဝါးလီးရှာ
#ပင်ခွန်ရွာ
#ကောင်ဗာရွာ
#ငလျင်လှုပ်ပြီးနောက်
#ဘီးလပ်မြေစျေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7