ငလျင်ဘေးအန္တရာယ်ကြောင့် ပင်လောင်းတောင်ဖက်ရှိ မူကြိုကျောင်းအားလုံး တစ်လပိတ်ထား
…………………………………………….
ခမ်းသားငေါဝ်း
ဧပြီ ၇၊ ၂၀၂၅
https://www.facebook.com/share/p/1BaEV2nAH2/
ငလျင်ဘေးအန္တရာယ်ကြောင့် ပင်လောင်းတောင်ဖက်ရှိ မူကြိုကျောင်းအားလုံး တစ်လပိတ်ထားရကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းပန်းရွာနှင့် ဘူးဝါးရွာတွင်မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်သော ငလျင်ဒဏ်ကြောင်း မူကြိုကျောင်းပြိုကျမှုအတွင်း ကလေးငယ်နှစ်ဦးသေဆုံးပြီးနောက် ယခုတွင် နောက်ဆက်တွဲငလျင်အန္တရာယ်ကြောင့် မူကြိုကျောင်းပိတ်ထားရသည်ဟု သိရသည်။
“ငလျင်အန္တရာယ်ကြောင့် မူကြိုကျောင်းကို ဒီတစ်လလုံးပိတ်ထားတယ်။ပြီးရင် ရွာတိုင်း ရွာတိုင်း မူကြိုကျောင်းအခြေအနေ အဆောက်အဦးကခိုင်မာမှုရှိလားစတာတွေ တာဝန်ရှိသူက လာရောက်စစ်ဆေးပေးတာရှိတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ပိတ်ထားသော မူကြိုကျောင်းများသည် တောင်ထီဗွာကျေးရွာအုပ်စု၊ စင်းတောင်းကျေးရွာအုပ်စု၊ ဘန်းဖြာကျေးရွာအုပ်စု၊ လိန်းညာကျေးရွာအုပ်စုများပါဝင်ကြောင်းသိရသည်။
မတ်လ၂၈ ရက်တွင်လှုပ်ခတ်သော အင်အားပြင်းငလျင်ကြောင့် ပင်လောင်းမြို့နယ် နန်းပန်းရွာ၊မြှောက်ထီဗွာကျေးရွာ ၊ဝါးလီးရွာ၊ပင်ခွန်ရွာ၊ကောင်ဗာရွာ၊ပင်ကာလရွာ၊ကောင်လွယ်မောင်းရွာ တို့တွင် လူနေအိမ် ၅၀၀ ကျော်ပျက်စီးသည့်အပြင် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
#PPV005
ဓာတ်ပုံ-အွန်လိုင်း
#ပင်လောင်းမြို့နယ်
#နန်းပန်းရွာ
#ဘူးဝါးရွာ
#မူကြိုကျောင်းပြိုကျမှု
#တောင်ထီဗွာကျေးရွာအုပ်စု
#စင်းတောင်းကျေးရွာအုပ်စု
#ဘန်းဖြာကျေးရွာအုပ်စု
#လိန်းညာကျေးရွာအုပ်စု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7