ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့်ႏ(၆၃) ကြိမ်တိုက်ခိုက်မှု ပြုလုပ်ခဲ့
…………………………………………

ခမ်းသားငေါဝ်း
ဧပြီ ၇၊ ၂၀၂၅

https://www.facebook.com/share/p/1EjpFUfQLM/

အင်အားပြင်းငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်း တစ်ပတ်အတွင်း စစ်ကောင်စီသည် လေကြောင်း ၊ လက်နက်ကြီးများဖြင့် (၆၃)ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ (NUG)မှ ထုတ်ပြန်ထားသည်။

အင်းအားပြင်းငလျင် လှုပ်ခတ်မှုဘေးသင့်နေချိန် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဒေသ ၁၂ ခုရှိ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုစုစုပေါင်း (၆၃) ကြိမ် ပြုလုပ်ခဲ့ရာ ကလေးငယ် (၁) ဦး၊ အမျိုးသမီး (၁၅) ဦးအပါအဝင် အရပ်သားပြည်သူ (၆၈)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၆၆)ဦး အထိရှိကြောင်းသိရသည်။

ထိုသို့တိုက်ခိုက်မှုများတွင် ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၃) ကြိမ်နှင့် မန္တလေးတိုင်းအတွင်း (၈) ကြိမ် ပြုလုပ်ခဲ့ကြောင်းဖောပြထားသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့၌ လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ်၊ ညောင်ရွှေ မြို့ (၁)ကြိမ် ၊ ဖယ်ခုံမြို့(၁)ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကို ညောင်ရွှေမြို့၌ (၁)ကြိမ် ပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စစ်သည် ဧပြီလ ၂ရက်မှ ၂၂ရက်အထိ ရက်၂၀ ကြာနိုင်ငံတစ်ဝန်းတွင် ယာယီပစ်ခတ်ရပ်စဲစာထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် များဆက်လက်ပြုလုပ်နေကြောင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါသည်၊၊

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အင်အားပြင်းငလျင်
#လေကြောင်း
#လက်နက်ကြီးများ
#အမျိုသားညီညွတ်ရေးအစိုးရ
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7