ငလျင်ဒဏ်ကြောင့် ဟဲယားရွာမ တစ်ရွာလုံးအက်ကြောင်းဖြစ်ပေါ်ပြီးရေခန်းခြောက်နေ
……………………………..
ခမ်းသားငေါဝ်း
ဧပြီလ ၆၊ ၂၀၂၅
https://www.facebook.com/share/p/15ub1yvqYC/
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယားရွာမတွင်ငလျင်ဒဏ်ကြောင့် တစ်ရွာလုံးနီးပါး အက်ကြောင်းများ ပေါ်လာပြီး ရေများထပ်မံ ခန်းခြောက်သွားကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့က ငလျင် လှုပ်ခတ်ခြင်းကြောင့် အင်းလေးဟဲယားရွာမတွင် အက်ကြောင်းများ ဖြစ်ပေါ်ပြီး ရေစီးကြောင်းများ ပြတ်တောက် ရေခန်းခြောက်ကာ သောက်သုံးရေနှင့် သုံးရေအတွက် အခက်ခဲများဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ခုတော့ ဘုန်းကြီးကျောင်းက အဝီစိတွင်းကပဲ ရေစက်နဲ့တင်ပြီး ရေသုံးနေရတယ်။ သုံးနေကြချောင်းတွေတော့ အကုန်ပြတ်ကုန်ပြီ။တစ်ခါမှ ဒီလိုမကြုံဖူးဘူး။အခုဆို ကျနော်တို့ရွာမှာ အိမ်တွေလည်း ပျက်စီးမှုတွေရှိတယ်။ တစ်ချို့ဆို အိမ်ထဲမှာတောင် မနေရဲကြလို့ စစ်ရှောင်ကြသလိုမျိုး တစ်ခြားရွာကို ပြောင်းသွားကြတာ။”ဟု ဒေသခံ အမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် ယခုကာလတွင် ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူများသည် နေစရာ၊ စားစရာမရှိသောကြောင့် နေအိမ်ပြန်ဆောက်ရန် ဝါးနှင့်သစ်များ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေလျှက်ရှိသည်ဟု နေအိမ်ပျက်စီးသွားသူ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုဆက်ပြောသည်။
“ဖြစ်နိုင်ရင် ကျနော်တို့ကို နေအိမ်လေးအတွက် ဝါးတွေ၊သစ်တွေ လိုအပ်ပါတယ်ဗျာ။လာရောက်လှူကြတဲ့ အလှူရှင်တွေက အများအားဖြင့် အစားစာတွေ လာလှူတာများပါတယ်။တကယ်လိုအပ်နေတာ အစားစာအပြင် နေအိမ်ပြင်ဖို့ ဝါးတွေ သစ်တွေ လိုနေပါတယ်။” ဟု အဆိုပါ အမျိုးသားကဆက် ပြောသည်။
လက်ရှိအင်းလေးတွင် ငလျင်ဒဏ်ကြောင့် ကျေးရွာ (၂၅)ရွာမှ အဆောက်အုံ (၃၂၅၅)လုံး ပျက်စီးပြီး လူဦးရေ (၁၀၀)ဦးခန့် သေဆုံးကာ ခန့်မှန်းလူဦးရေ (၁၆၀၀၀)နှင့် (၂၀၀၀၀)ကြား ငလျင်ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ပအိုဝ်းလူငယ်အစည်းရုံး(PYO)မှယနေ့မတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ မက်ဂနီကျူ့ အင်အားရှိသည့် ငလျင်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေး၊ မကွေး၊ရှမ်းကုန်းမြင့်၊နေပြည် တော်နှင့် ပဲခူး စသည့်ဒေသတို့တွင် လူဦးရေ (၃၀၀၀)ကျော် သေဆုံးခဲ့ရပြီး အဆောက်အုံအများပြားပျက်စီးဆုံးရှုံးခဲ့ရသည်။
#ppv008
#ငလျင်ဘေး
#ဟဲယားရှာမ
#မြေအက်ကွဲ
#သဘာဝဘေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။