ဧပြီ ၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးရ မြေငလျင်သတင်းအချက်အလက် စုစည်းမှုများ

၂၀၂၅ မတ်လ ၂၈ ရက် ၁၂ နာရီ မိနစ် ၅၀ကျော်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိသော အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်ငယ်များကြောင့် လက်ရှိအချိန်ထိ ပြည်သူ (၃,၈၈၅) ဦးကျော် သေဆုံးခဲ့ရပြီး (၅၄၅၅) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ပျက်စီးမှု များပြားလွန်းသဖြင့် ပြိုကျပျက်စီးနေသော အဆောက်အဦများအတွင်း ရှာဖွေကယ်တယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်၍ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်သည်။

၃ ဧပြီ ၂၀၂၅ ရက်နေ့ ညနေ ၆း၀၀ အထိ ယုံကြည်စိတ်ချရသည့် မြေငလျင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ

လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုစာရင်း

မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိနောက်ဆုံးရရှိထားသော သတင်းအချက်အလက်အရ နိုင်ငံတဝှမ်း သေဆုံးသူ (၃,၈၈၅) ဦးခန့်၊ ဒဏ်ရာရှိသူ (၅၄၅၅) ဦးခန့်နဲ့ ပျောက်ဆုံးနေသူ (၇၁၉) ဦး
ရှိလာပြီ ဖြစ်သည်။

ယနေ့ ဧပြီလ ၃ ရက် တစ်ရက်တည်းတွင် သေဆုံးသူ (၃၇) ဦး တိုးလာပြီး ဒဏ်ရာရရှိသူ(၇၃၀) ဦး ထပ်တိုးလာနေကြောင်း ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာဖော်ပြချက်အရ သိရသည်။

နောက်ဆုံးရရှိထားသော အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဧပြီ ၃ရက် မြန်မာစံတော်ချိန် နေ့လည် ၁ နာရီအထိ ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၈၈၅ ဦး ရှိလာပြီဖြစ်ကြောင်း DVB Data Team က ကောက်ယူရရှိထားတဲ့ အချက်လက်တွေအရ သိရပါတယ်။

https://www.facebook.com/share/p/1AE1mmrrQu/

ဧပြီ ၃ ရက် နံနက် ၈ နာရီအထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ပြင်းထန်ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃,၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄,၇၁၅ ဦးနှင့် ပျောက်ဆုံးသူ ၃၄၁ ဦး ရှိပြီဖြစ်ကြောင်း သိရဆိုပြီး The Irrawaddy-Burmese Edition ကတင်ထားပါတယ်။
https://shorturl.at/Hp4Ho
https://shorturl.at/Vp5S2

ယနေ့(ဧပြီလ ၃ ရက်) မနက်၈ နာရီအထိ စာရင်းတွေအရ မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံး သူ ၃,၀၈၅ ဦး ရှိပြီး ၄,၇၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ၃၄၁ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီတပ်ဖွဲ့ က သတင်းထုတ်ပြန် ထားသည်ဆိုပြီး Mizzima-News in Burmese ကတင်းထားပါတယ်။
https://shorturl.at/7ikNi

ယနေ့(ဧပြီလ ၃ ရက်) မနက်၈ နာရီအထိ စာရင်းတွေအရ မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၀၈၅ ဦး ဒဏ်ရာရသူ ၄၇၁၅ ဦးနဲ့ ပျောက်ဆုံးသူ ၃၄၁ ဦးရှိကြောင်း Myanmar Now သတင်းမီဒီယာက ဖော်ပြထားပါတယ်။

Myanmar Now https://shorturl.at/i5en1

ဘာသာရေး သာသနိက အဆောက်အဦးပျက်ဆီးမှု

Fact File အတွက် April 3 ရက် အထိ
အဆောက်အဦပျက်စာရင်း

၁။ မန္တလေးမြို့တွင် လက်ရှိ စာရင်းများအရ ၃.၄.၂၀၂၅ ညနေ ၆ နာရီတွင် ဘာသာရေးနှင့်ပညာရေးအဆောက်အအုံ ပျက်စီး စာရင်း ၆၅ ခု ထပ်မံ အတည်ပြုနိုင်ကြောင်း Technical Support Team Myanmar ကဖော်ပြသည် ။

ဘုရားစေတီ ၂၂ ဆူ ။
ဘုန်းကြီးကျောင်း ၉ ကျောင်း ။
ဗလီ ၉ လုံး ။
ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၇ ကျောင်း ။
စျေး ၃ ခု ။
မြို့ရိုး ၄ ခု ။
ခြင်္သေ့ရုပ်တု ၁ ခု ။
တက္ကသိုလ် ၂ ခု ။
ဂူဘုရား ၂ ဆူ
အုတ်ကျောင်း ၄ ခု
ကျောက်စာ ၁ ခု
တံတား‌ဟောင်း ၁ ခု

ထပ်တိုးစာရင်းလင့်ခ် https://shorturl.at/YoGcj

https://www.facebook.com/share/p/18VyD5pCy7/

Technical Support Team Myanmar သည် ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော ရှေးဟောင်း အမွေအနှစ် အဆောက်အဦး စာရင်းများ ကောက်ယူရန်အတွက် ရည်ရွယ်ထားသည့် Non Profit Organization တစ်ခုဖြစ်ပါသည်။

၂။ မန္တလေးတိုင်းအတွင်းငလျင်ကြောင့် ဟိန္ဒူဘုရားကျောင်း ၅ ကျောင်းပြိုကျပျက်စီးသည်ကို အတည်ပြုနိုင် ဟု ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က Dawei Watch ၏ သတင်းတစ်ခုတွင် ဖြေကြားသည် ။
https://www.facebook.com/share/p/18sZNzcu3k/

၃ ။ အမျိုးသားညီညွတ်ရေး အစိုးရ ၏ ထုတ်ပြန်နေသည့် စာရင်းအရ ငလျင်ကြောင့် နေအိမ်ပျက်စီးမှု တစ်သောင်းသုံးထောင်ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည် ။
https://www.facebook.com/share/p/19eb9oYawT/

၄ ။ စစ်ကိုင်းတောင်ရိုး တွင် ငလျင်ကြောင့် ဘုန်းကြီးကျောင်း နှင့် သီလရှင်ကျောင်း ၂၀၀၀ ကျော်ပျက်စီးသည်ဟု အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာက ဧပြီလ ၁ ရက်က သတင်းထုတ်ပြန်သည်။
https://www.facebook.com/share/p/15Ktiaziuw/

ငလျင်ကြောင့် သပိတ်ကျင်းမြို့နယ်တွင် အဆောက်အဦ ၁၈၀ ခန့် ပျက်စီး

စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း သပိတ်ကျင်း တမြို့နယ်ထဲတွင် တမြိုနယ်လုံးအတိုင်းအတာဖြင့် သာသနိကအဆောက်အဦများနှင့် နေအိမ်စုစုပေါင်း ၁၈၀ ခန့် ထိခိုက်ပျက်စီးမှုများရှိကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်ဟု Mizzima News in Burmese တင်ထားပါတယ်။
https://shorturl.at/7ikNi

မန္တလေး ၊ စဥ့်ကိုင် မြို့နယ်က ပလိပ်မြို့မှာ ကိုယ်ပိုင်အထက်တန်းကျောင်းပြိုကျ၊ ဗလီနှင့် နေအိမ် ၂၀ ခန့်ပျက်စီး DVB https://shorturl.at/aLRxy

ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု

မြေငလျင်လှုပ်ပြီးချိန်တွင် အများပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများစွာလိုအပ်လျက်ရှိသည်။ ထိုအခြေအနေတွင် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များညွှန်ကြားသည့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကို လိုက်နာသင့်ပါသည်။ Myanmar Fact-checking Network အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားသူတွေကို ကူညီသည့်နည်းလမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရော အဆင်မပြေမှု အကူအညီတွေကို တွေကိုလည်း ရှာဖွေစုဆောင်းထားပေးပါသည်။

အသေးစိတ်တွေကို အောက်က လင့်ခ်တွေ ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့ (မြန်မာ) World Health Organization Myanmar’s က ထုတ်ပြန်ထားသည့် ကျန်းမာရေးစောင့်ရှောက်မှုနနည်းလမ်းများ ကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Post –
https://www.facebook.com/share/p/1BKVsSYBCP/

[ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာ ပြုစုခြင်းနည်းလမ်း]
Citta Consultany မှ ပြုစုထားသည့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနည်းလမ်းများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://drive.google.com/…/1w5I5EH1ihMh4ns84F1…

Counselling Corner မှ စုစည်းထားသည့် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာရော အကူအညီ အထောက်ပံ့အတွက် လေ့လာရမည့် အရင်းအမြစ်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ရယူနိုင်ပါသသည်။
https://www.facebook.com/share/p/1F2LhQruJ8/

အောက်ပါပေးထားသည့် U-Report Myanmar Page တွင်လည်း နောက်ဆက်တွဲငလျှင်ကြောင့် သတိထားရမည့် ထိခိုက်မှုများ၊ မိမိအပါအဝင် ငလျှင်ကြားမှ ပြန်လည်လွတ်မြောက်လာသူများအား စိတ်ပိုင်းဆိုင်ရာ အား‌ပေးနိုင်မည့်နည်းလမ်းများကို သွားရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/UReportMyanmar?mibextid=ZbWKwL

ထို့အပြင် Serenity Counseling & Mental Health Services က နေ့စဥ်တင်ဆက်ပေးနေသည့် အရေးပေါ်အခြေအနေကြား စိတ်ကျန်းမာရေး အထောက်အပံ့အစီအစဥ်မှတဆင့် အခမဲ့တိုင်ပင်ဆွေးနွေးမှုရယူ၍ မိမိစိတ်အတွက် ကုသမှုခံယူနိုင်မည်ဖြစ်သည်။
https://www.facebook.com/serenitymentalhealthservice?mibextid=ZbWKwL

အခမဲ့ဆေးခန်းများအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် အခမဲ့ပြည်သူ့ဆေးခန်း-FOC Teleclinic မှလည်း ထိခိုက်ဒဏ်ရာများဖြင့်ပတ်သက်ပြီး အွန်လိုင်းစနစ်ဖြင့် တိုင်ပင်ဆွေးနွေးနိုင်သလို ငလျှင်ဘေးအန္တရာယ်ကြား သတိထားရမည့် ပြင်ပအန္တရာယ်များကိုလည်း ၎င်း ပေ့ချ်မှတဆင့် လေ့လာနိုင်မည်။
https://www.facebook.com/focteleclinic?mibextid=ZbWKwL

ငလျှင်ပြီးနောက် နောက်ဆက်တွဲသတိထားရမည့် ရောဂါပိုးများ၊ ပြင်ဆင်နေထိုင်သင့်သည့် အချက်အလက်များ အား ဝေမျှပေးနေသည့် “တယ်လီကျန်းမာ- Telekyanmar” ၏ အောက်ပါလင့်ခ်ကို ဝင်ရောက်လေ့လာခြင်းဖြင့် သိရှိနိုင်သည်။
https://www.facebook.com/share/1DUuCw83ch/

သဘာဝဘေးအန္တရာယ်၌ဖြစ်ပွားတတ်သည့် မြွေအန္တရာယ်မှ ကာကွယ်နိုင်ရန်ကိုလည်း “A Yay Paw- အရေးပေါ်” က အောက်ဖော်ပြပါ ပို့စ်မှတဆင့် အသိပေးထားသည်။
https://www.facebook.com/share/p/1XTb47Pmux/

အလားတူ မြွေအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်နှင့် ကိုင်တွယ်ရမည့်နည်းလမ်းများကိုလည်း ကျွမ်းကျင်ပညာရှင်များဖြင့် စုစည်းထားသည့် အောက်ပါ Native Species Conservation & Identification ၏ပို့စ်မှလည်း သိနိုင်သည်။
https://www.facebook.com/share/p/1D89FmDppc/

NUG ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ငလျှင်ဒဏ်နှင့်ကျန်းမာရေးအခြေအနေများကို ဆွေးနွေးပေးထား၍ ဖော်ပြပါလင့်ခ်မှ ဝင်ရောက်လေ့လာနိုင်သေးသည်။
https://www.facebook.com/share/p/15e4ziuDMX/

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

You missed