အင်းလေး ငလျှင်ဘေးသင့်ပြည်သူများအတွက် လားရှိုးစစ်ဘေးရှောင်များက သွားရောက်လှူဒါန်း
………………………………………

ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅

https://www.facebook.com/share/p/18abEUj86Q/

အင်းလေးဒေသ ငလျှင်ဘေးသင့်ပြည်သူများအတွက် တောင်ကြီးမြို့ရောက် လားရှိုးစစ်ဘေးရှောင်များက ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊အနောက်မြို့ပတ်လမ်း၊ရှမ်းပိဋိကတ်ကျောင်းတိုက်တွင်နေထိုင်သောလားရှိုးစစ်ရှောင်များသည် အင်းလေးငလျှင်ဘေးဒဏ်ခံရသောပြည်သူများအတွက်အလှူငွေများအလှူခံ၍ဧပြီလ၂ ရက်နေ့တွင်သွားရောက်လှူဒါန်းခဲ့သည်။

“ကျွန်တော်တို့စစ်ရှောင်တွေစုပြီးမတ်လ ၃၁ နေ့နဲ့ ဧပြီလ ၁ ရက်နေ့ နှစ်ရက်အလှူခံခဲ့ပါတယ်။အလှူခံလို့ရတဲ့ငွေတွေကို ရေသန့် ၊ခြောက်ဆွဲခြောက်၊အခြားမုန့်များနဲ့ အဝတ်အထည်တွေကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။”ဟု စစ်ဘေးရှောင်တဦးမှ ခမ်းသားငေါဝ်းကိုပြောကြားသည်။

လက်ရှိ အချိန်တွင် အလှူရှင်များ အင်းလေးဒေသသို့ လာရောက် လှူဒါန်းနေကြသော်လည်း လိုအပ်ချက် များပြားနေသေးကြောင်း ၄င်းကဆက်ပြောသည်။

အင်းလေးဒေသ မတ်လ၂၈ ရက် နေ့တွင် လှုပ်ခတ်သော အင်အားပြင်းငလျင်ကြောင့် လူ၈၉ဦးသေဆုံးပြီး နေအိမ်၂၃၃၇ လုံးပျက်စီးခဲ့ရကြောင်းမတ်လ၃၀ရက်နေ့တွင် ပအိုဝ်းလူငယ်အစည်းအရုံးPYOကထုတ်ပြန်ထားပါသည်။

#PPV005
ပုံ-အွန်လိုင်း
#စစ်ဘေးရှောင်
#ငလျင်ဘေး
#တောင်ကြီးမြို့
#အနောက်မြို့ပတ်လမ်း
#ရှမ်းပိဋိကတ်ကျောင်းတိုက်
#လားရှိုးစစ်ရှောင်များ
#အင်းလေးငလျှင်ဘေးဒဏ်ခံရသောပြည်သူများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7