ကိုင်းတောကို မီးရှို့ရာမှတဆင့် အင်းလေးကန် မိုင်းသောက် ရှိ Myanmar Treasure Resort ဟိုတယ် မီးလောင်၍ အကုန်ပျက်စီး
…………………
ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅
https://www.facebook.com/share/v/1ASpXUGcWh/
ကိုင်းတောကို မီးရှို့ရာမှတဆင့် အင်းလေးကန် မိုင်းသောက် ရှိ Myanmar Treasure Resort ဟိုတယ် မီးလောင်၍ အကုန်ပျက်စီးသွားကြောင်း ဒေသခံ ပြောပြချက် အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးကန်အရှေ့ဘက်တွင်ဧပြီလ ၃ ရက် ညနေခင်း ၄ နာရီကျော် အချိန်က အင်းလေးကန် မိုင်းသောက် ကြံပုံငယ်ရွာရှိ တည်ဆောက်ထားသော Myanmar Treasure Resort ဟိုတယ် မီးလောင် ပျက်စီးသွားကြောင်း သိရသည်။
“ကြံပုံငယ် နားက ဟိုတယ်ပါ။ အခန်း တစ်ရာလောက် မီးလောင်တာ အကုန် လုံး ကုန်သွားပြီ။ မကျန်တော့ဘူး။ အရင်ရက် မနေ့က ပြန်လာတာလည်း မိုင်းသောက်ဘက် မီးတွေ ရှို့ထားတာ အများကြီး လောင်နေတာ မြင်ရတယ်။ ကိုင်းတော တွေ ရှင်းလင်းတဲ့ အနေနဲ့ မီးရှို့တာတွေ ရှိတယ်။ အဲဒီကနေ စလောင်တာ၊”ဟု ဒေသခံတစ်ဦး ကပြောသည်။
လက်ရှိ အချိန်တွင် ပင်မဆောင်၊ စားသောက်ခန်း အပါအဝင်၊ ဟိုတယ် အခန်း ဘန်ဂလို ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ညနေခင်း ၅ နာရီခွဲ အချိန်ထိ လောင်ကျွမ်းနေဆဲ ဖြစ်ကာ ဘေးနားရှိ ဟိုတယ်များ မီးကူးစက်မှု မရှိစေ ရေး ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
Myanmar Treasure Resort ဟိုတယ် သည် ယခင်က ရဲမင်းကြီး ပိုင်သော ဟိုတယ် ဖြစ်ပြီး ဦးတေဇ မှ ပြန်လည် ဝယ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
#PPV-006
#မီးလောင်မှု
#Myanmar Treasure Resort
#မိုင်းသောက်
#အင်းလေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။