ဧပြီ ၁ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးရ မြေငလျင်သတင်းအချက်အလက် စုစည်းမှုများ

၂၀၂၅ မတ်လ ၂၈ ရက် ၁၂ နာရီ မိနစ် ၅၀ကျော်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိသော အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်ငယ်များကြောင့် လက်ရှိအချိန်ထိ ပြည်သူ (၃,၆၀၀) ကျော် သေဆုံးခဲ့ရပြီး (၄,၅၇၅) ဦး ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ပျက်စီးမှု များပြားလွန်းသဖြင့် ပြိုကျပျက်စီးနေသော အဆောက်အဦများအတွင်း ရှာဖွေကယ်တယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်၍ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်သည်။

၁ ဧပြီ ၂၀၂၅ ရက်နေ့ ညနေ ၆း၀၀ အထိ ယုံကြည်စိတ်ချရသည့် မြေငလျင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ

လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုစာရင်း

မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိနောက်ဆုံးရရှိထားသော သတင်းအချက်အလက်အရ နိုင်ငံတဝှမ်း သေဆုံးသူ (၃,၆၄၃) ဦး၊ ဒဏ်ရာရှိသူ (၄,၅၇၅)ဦးအထိ
ရှိလာပြီ ဖြစ်သည်။

ယနေ့ ဧပြီလ ၁ ရက် တစ်ရက်တည်းတွင် သေဆုံးသူ (၄၄၈) ဦး တိုးလာပြီး ဒဏ်ရာရရှိသူ (၁၀) ဦး ထပ်တိုးလာနေကြောင်း ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာဖော်ပြချက်အရ သိရသည်။

နောက်ဆုံးရရှိထားသော အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများအပါအဝင် အနည်ဆုံး အမျိုးသား၊ အမျိုးသမီး ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

လင့်ခ် – https://shorturl.at/BJjaz

မန္တလေးမြို့ မလွန်ရပ် ၈၅ လမ်းရှိ ဦးလှသိန်းဗိမာန် ငါးထပ်ဆောင်ပြိုကျခဲ့ရာ စာဖြေ သံဃာတော် ၅၀ ထက်မနည်း ပျံလွန်တော်မူခဲ့ကြောင်း ကူညီကယ်ဆယ်သူများနှင့် မန္တလေး မြို့ခံများကို ကိုးကား၍ Myanmar Now က ဖော်ပြသည်။

လင့်ခ် – https://shorturl.at/Pfmih

အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေတွင်းမှ သေဆုံးသူ ၂၇ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စာရင်းကို ကိုးကား၍ BBC ကဖော်ပြသည်။

လင့်ခ် – https://shorturl.at/sqofR

မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁) နာရီအထိ စုစုပေါင်း သေဆုံးသူ (၃,၆၄၃) ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ (၄,၅၇၅) ဦးနှင့် ပျောက်ဆုံးနေသူ (၇၀၅) ဦးရှိကြောင်း DVB Data Team မှ ကောက်ယူစုဆောင်းထားသော စာရင်းများအရ သိရသည်။
လင့်ခ် – https://shorturl.at/KZTbL

ဘာသာရေး သာသနိက အဆောက်အဦးပျက်ဆီးမှု

မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ သာသနိက အဆောက်အဦးများစွာ ထိခိုက်ပျက်ဆီးခဲ့ပါသည်။ ဘုရားပုထိုး၊ စေတီ နှင့် ဘုန်းကြီးကျောင်း (၁၃၅)လုံးခန့်၊ အစ္စလာမ် ဝတ်ပြုကျောင်း (ဗလီ) (၆၀) ခန့်နှင့် ခရစ်ယာန် ဘုရားကျောင်းကျောင်း (၂၀) ခန့်တို့ ပျက်ဆီးခဲ့သည်။

နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ရှေးဟောင်းသမိုင်း၊ ယဥ်ကျေးမှု၊ အနုပညာတွေကို သုတေသနပြုလုပ်နေသည့် ကိုဇင်မျိုးလင်းကလည်း ပြိုကျသွားသော ရှေးဟောင်းအဆောက်အဦး အကြောင်း ကို ထပ်မံဖြည့်စွပ်ပြီး ရှေးဟောင်းအမွေအနှစ်အဆောက်အဦ အရွယ်အစုံ ပြိုကျပျက်ဆီးမှု၊ ၁၃၅လုံး
ဘုရားဘွဲ့၊ ဘုရားအမှတ်မရှိလို့ စရင်းမသွင်းနိုင်တဲ့အဆောက်အဦ ၁၅၀နီးပါးထိရှိနေ လို့ သူ့ရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြထား – https://shorturl.at/ntIxv

ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု

မြေငလျင်လှုပ်ပြီးချိန်တွင် အများပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများစွာလိုအပ်လျက်ရှိသည်။ ထိုအခြေအနေတွင် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များညွှန်ကြားသည့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကို လိုက်နာသင့်ပါသည်။ Myanmar Fact-checking Network အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားသူတွေကို ကူညီသည့်နည်းလမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရော အဆင်မပြေမှု အကူအညီတွေကို တွေကိုလည်း ရှာဖွေစုဆောင်းထားပေးပါသည်။

အသေးစိတ်တွေကို အောက်က လင့်ခ်တွေ ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့ (မြန်မာ) World Health Organization Myanmar’s က ထုတ်ပြန်ထားသည့် ကျန်းမာရေးစောင့်ရှောက်မှုနနည်းလမ်းများ ကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Post –
https://www.facebook.com/share/p/1BKVsSYBCP/

[ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာ ပြုစုခြင်းနည်းလမ်း]
Citta Consultany မှ ပြုစုထားသည့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနည်းလမ်းများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://drive.google.com/…/1w5I5EH1ihMh4ns84F1…

Counselling Corner မှ စုစည်းထားသည့် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာရော အကူအညီ အထောက်ပံ့အတွက် လေ့လာရမည့် အရင်းအမြစ်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ရယူနိုင်ပါသသည်။
https://www.facebook.com/share/p/1F2LhQruJ8/

အောက်ပါပေးထားသည့် U-Report Myanmar Page တွင်လည်း နောက်ဆက်တွဲငလျှင်ကြောင့် သတိထားရမည့် ထိခိုက်မှုများ၊ မိမိအပါအဝင် ငလျှင်ကြားမှ ပြန်လည်လွတ်မြောက်လာသူများအား စိတ်ပိုင်းဆိုင်ရာ အား‌ပေးနိုင်မည့်နည်းလမ်းများကို သွားရောက်လေ့လာနိုင်ပါသည်။

https://www.facebook.com/UReportMyanmar?mibextid=ZbWKwL

ထို့အပြင် Serenity Counseling & Mental Health Services က နေ့စဥ်တင်ဆက်ပေးနေသည့် အရေးပေါ်အခြေအနေကြား စိတ်ကျန်းမာရေး အထောက်အပံ့အစီအစဥ်မှတဆင့် အခမဲ့တိုင်ပင်ဆွေးနွေးမှုရယူ၍ မိမိစိတ်အတွက် ကုသမှုခံယူနိုင်မည်ဖြစ်သည်။

https://www.facebook.com/serenitymentalhealthservice?mibextid=ZbWKwL

အခမဲ့ဆေးခန်းများအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် အခမဲ့ပြည်သူ့ဆေးခန်း-FOC Teleclinic မှလည်း ထိခိုက်ဒဏ်ရာများဖြင့်ပတ်သက်ပြီး အွန်လိုင်းစနစ်ဖြင့် တိုင်ပင်ဆွေးနွေးနိုင်သလို ငလျှင်ဘေးအန္တရာယ်ကြား သတိထားရမည့် ပြင်ပအန္တရာယ်များကိုလည်း ၎င်း ပေ့ချ်မှတဆင့် လေ့လာနိုင်မည်။

https://www.facebook.com/focteleclinic?mibextid=ZbWKwL

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork