အင်းလေးဒေသတွင် အလှူရှင်များလာရောက်မှုရှိသော်လည်း အကူအညီများလိုအပ်နေဆဲ
……………………………………..
ခမ်းသားငေါဝ်း
ဧပြီ ၁၊ ၂၀၂၅
https://www.facebook.com/share/p/1FdkfzVXCf/
အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး ယခုအချိန်ထိ အကူအညီများလိုအပ်နေသေးကြောင်း ဧပြီလ (၁)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မတ်လ(၂၈)ရက်နေ့၌ ပြင်းအား(၇.၇)ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများနေအိမ်အများအပြားထိခိုက်ပျက်စီးရပြီး ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။
“အလှူရှင်ကတော့ လာတော့လာတယ် အကူအညီတွေကတော့ သိပ်မရောက်သေးဘူး၊ အသက်ကယ်ဆယ်ရေးပိုင်းတွေလည်းအများကြီးလိုအပ်နေသေးတယ်” ဟု အင်းလေးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ငလျင်ဘေးခံစားနေရသည့် အင်းလေးဒေသခံများအတွက် ယခုချိန်၌ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများက အရေးပေါ်အကူအညီပိုလိုအပ်နေကြောင်း သိရသည်။
“အခုချိန်မှာ ဒီလိုဖြစ်သွားတဲ့အပေါ် ဘယ်လိုခံစားနေရလည်းဆိုတာ ဘယ်သူပြောထွက်နိုင်မလည်း တစ်ချို့ဆိုမိသားစုဝင်တွေရော အိုးအိမ်တွေရော အကုန်လုံးပျက်စီးသွားရတာကို စကားလုံးတွေနဲ့ဖော်ပြလို့မရအောင်ပါပဲ ခံစားရတာက”ဟု ၎င်းကဆက်ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင် အင်အားပြင်းငလျင်ကြောင့် မတ်လ(၃၀)ရက်နေ့အထိ သေဆုံးသူမှာ (၈၉)ဦးရှိပြီး နေအိမ်ပျက်စီးမှာ (၂၃၃၇)လုံးရှိကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့က ဖော်ပြထားသည်။
#PPV007
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ငလျင်လှုပ်ခတ်မှုကြောင့်
#ဒေသခံများနေအိမ်အများအပြားထိခိုက်ပျက်စီးရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7