ပြည်သူများငလျင်ဒဏ်ကြုံနေချိန် စစ်ကောင်စီက နောင်ချိုကို လေကြောင်း၊ ဒရုန်းဖြင့် ဗုံးဆက်တိုက်ကြဲချ တိုက်ခိုက်နေ
…………………
ခမ်းသားငေါဝ်း
မတ်လ ၃၁၊ ၂၀၂၅

https://www.facebook.com/share/p/1BpyQbRycp/

မြန်မာနိုင်ငံတွင် ပြည်သူများငလျင် ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီမှ TNLAအုပ်ချုပ်နေသော နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း TNLAမှ မတ်လ(၃၁)ရက်မှာ ဖော်ပြထားသည်။

စစ်ကောင်စီသည် မတ်လ(၃၁)ရက် နံနက် ၁၀ နာရီ​ကျော်တွင် (၁၂၀)မမ ဗုံးသီးသယ်ဆောင်လာသည့် ဒရုန်းဖြင့် (၁)ကြိမ်လာရောက်ကြဲ ချတိုက်ခိုက်ခဲ့ပြီး ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင်မတ်လ(၂၈)ရက် မြန်မာနိုင်ငံတွင် ပြင်းအား(၇.၇)ရှိငလျင်ကြီး လှုပ်ခတ်ချိန် နေ့လည်(၁) နာရီ (၅)မိနစ်တွင် နောင်လင်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၃)လုံးနှင့် စာသင်ကျောင်း(၂)ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ(၂၈)ရက်မှာ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ(၃)စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓနုတပ် DPLA စစ်မေ(၆)ဦးနှင့် တပ်သား(၁)ဦး ကျဆုံးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ငလျင်လှုပ်ခတ်ပြီး မတ်လ (၃၁)ရက်မှ ဧပြီလ(၆)ရက်အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကြေညာသော်လည်း အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်နေကြောင်း TNLAမှ ဖော်ပြထားသည်။

#PPV0011
#Humanright
#လေယာဉ်ဗုံးကြဲ
#နောင်ချို

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။