တောင်ခမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ် ဗိုလ်ကြီးကျဆုံး၍ တပ်သား (၃)ဦး TNLA တပ်ဖွဲ့ထံအလင်းဝင်
………………….
ခမ်းသားငေါဝ်း
မတ်လ ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1DNzLxUL7U/
နောင်ချိုမြို့နယ် တောင်ခမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်တစ်ဦးကျဆုံး၍ တပ်သား (၃)ဦး TNLA တပ်ဖွဲ့ထံ လက်နက်ခဲယမ်းအပြည့်စုံဖြင့်အလင်းဝင်ရေယက်လာကြောင်း မတ်လ ၃၀ ရက်က TNLA ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းမှ တပ်သား (၃)ဦးသည် လက်နက်အပြည့်စုံဖြင့် တအာင်းတပ်မတော် TNLAတပ်ဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့ကြောင်းသိရ သည်။
၎င်းတို့ကိုဦးဆောင်သည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးသည် တိုက်ပွဲအတွင်းကျဆုံးသွားခဲ့သောကြောင့် ဦးဆောင်သူမရှိသည့်အတွက် ထွက်ပြေးပြီးမတ်လ ၂၈ ရက်က လက်နက်နှင်အတူ လာရောက်အလင်း၀င်ခဲ့ကြောင်း TNLA ကပြောဆိုထားသည်။
တအာင်းတပ်မတော် TNLAတပ်ဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့သည့် ထိုစစ်သုံ့ပန်း (၃)ဦးတို့ကို PSLF/TNLAအဖွဲ့မှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်လည်း သီပေါမြို့အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့် (၅၀၄)စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် (၁၉၁)ဦးကို PSLF/TNLAမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြောဆိုထားသည်။
#ppv002
#စစ်ရေး
#PSLF/TNLA
#နောင်ချို
#တောင်ခမ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။