ငှက်ရိုင်းတွေပျံသန်းနေတဲ့ videoဟောင်းတွေအသုံးပြုပြီး မုန်တိုင်းလက္ခဏာပြနေပြီလို့ဆိုတဲ့ သတင်းမှား
၂၀၂၅ခုနှစ်၊ ဧပြီလ၊ ၁ရက်။
(Fact Check) DNA/ The Red Flag

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ငှက်တွေအစုအဖွဲ့လိုက်ပျံသန်းနေတဲ့ ရုပ်သံတွေကိုအသုံးပြုပြီး မုန်တိုင်းလာတော့မယ့် လက္ခဏာလို့ရေးသားထားတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီပျံ့နှံ့နေတဲ့သတင်းကို ကြည့်ရှုသူများပြားနေပြီး ပြန်လည်မျှဝေသူ လေးထောင်နီးပါအထိရှိနေတာပါ။

သတင်းမှားလင့် – https://archive.ph/7mlt4

ပျံ့နှံ့နေတဲ့အဲ့ဒီသတင်းကို MFCNအဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေစစ်ဆေးကြည့်တဲ့အခါမှာ လွန််ခဲ့တဲ့ နှစ်တွေက ငှက်တွေရာသီပြောင်းချိန်အစုလိုက်အပြုံလိုက် နေရပ်ပြောင်းရွေ့နေတဲ့ ရုပ်သံဟောင်းတွေဖြစ်တာကို တွေ့ရပြီး မုန်တိုင်းကြောင့် အစုလိုက်အပြုံလိုက်ပျံသန်းနေတာမဟုတ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက် ☑️

တရုပ်ဘာသာစကားစာတန်းပါ ရုပ်သံနဲ့ “OMG earthqake in Myanmar… too many Bird’s in nanjing” စာတန်းပါ ရုပ်သံ နှစ်ခုက ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလက ပျံ့နှံ့ခဲ့တဲ့ရုပ်သံဖြစ်ပြီး ရုပ်သံမှာပါဝင်တဲ့ငှက်တွေက ရာသီဥတုပူနွေးလာတာကြောင့်နဲ့ တခြားအရပ်ဒေသကိုပြောင်းရွေ့ဖို့ ဖြစ်နိုင်တယ်လို့ Stomp ဝဘ်ဆိုက်မှာရေးသားဖော်ပြထားပါတယ်။
သတင်းလင့် – https://shorturl.at/2oQyc

“ကျီးပြိုတာလို့ခေါ်တယ် နိမိတ်လက္ခဏာအရဆို စစ်ဖြစ်တော့မယ်လို့ဆိုပါတယ်” ဆိုတဲ့ရုပ်သံလင့်ခ်ကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက tiktokမှာတင်ထားတဲ့ ရုပ်သံတခုဖြစ်တာကိုလည်းတွေ့ရပါတယ်။

ရုပ်သံလင့် – https://archive.ph/lhcDD

ငှက်တွေ လေးထောက်ကွက်ဖော်ပြီး ပျံသန်းနေတဲ့ရုပ်သံကလည်း မတ်လ၊ ၁၃ရက်နေ့က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်မှာ အဖြူရောင်နှာတံပါငှက်တွေ (white-fronted geese) နဲ့ နှင်းလိုဖြူတဲ့ငှက်တွေ (snow geese)ရွေ့ပြောင်းနေထိုင်တဲ့ မြင်ကွင်းဖြစ်ပြီး အဲ့ဒီရုပ်သံကို U.S. Fish & Wildlife Service ဆိုတဲ့ youtube ချန်နယ်က တင်ဆက်ထားတာပါ။
ရုပ်သံလင့် -https://archive.ph/wip/2QvN8
ထိုင်းစာတန်းပါရုပ်သံတခုကလည်း ရွေ့ပြောင်းငှက်တွေ ဒေါင်လိုက်အနေထားအရပျံနေတဲ့ရုပ်သံဖြစ်ပြီး ရုပ်သံပိုင်ရှင်က မတ်လ၊၂၈ရက်နေ့မှာပဲ သူရဲ့ tiktok အကောင့်မှာ တင်ခဲ့တာပါ။
ရုပ်သံလင့် – https://archive.ph/lhcDD

သုံးသပ်ချက်☑️

သတင်းမှားဖြန့်ချိသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မုန်တိုင်းအဖျားခတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို အသုံးချပြီး သတင်းမှားတွေကို ဆက်တိုက်ဆိုသလိုဖြန့်ချိနေကြတာပါ။

ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ငှက်တွေအစုလိုက်ပြုံလိုက်ပျံသန်းနေကြပြီး မုန်တိုင်းလက္ခဏာပြနေတယ်ဆိုတဲ့သတင်းက လုပ်ကြံဖန်တီးတာတဲ့သတင်းမှားဖြစ်ပါတယ်။

လက်ရှိလေဖိအားနည်းရပ်ဝန်းက အရင်ကမှန်းဆထားသလို ရခိုင်ကန်းရိုးတန်းဘက်ကို ဧရာဝတီတိုင်းဘက်ကနေရန်ကုန်ကိုဖြတ်သွားနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကခန့်မှန်းထားပြီး အဲ့ဒီလေဖိိအားနည်းရပ်ဝန်းက ဧပြီလ၊ ၄ရက်နေ့မှာ အက်ဒမန်ကျွန်းနား​ကိုရောက်ရှိနိုင်တယ်လို့သာမှန်းဆထားနိုင်ပြီး အဲ့ဒီအချိန်မှသာ မုန်တိုင်းဖြစ်မဖြစ်ကို ခန့်မှန်းနိုင်မယ်လို့ Psc Myanmar Off-roadကရေးသားထားပါတယ်။
Psc Myanmar Off-road – https://www.facebook.com/share/v/18xZhdDZHL/

မုန်းတိုင်းသတင်းနဲ့ ငလျင်နောက်ဆက်တွဲ သတင်းမှန်တွေကို ဦးဝင်းနိုင်ရဲ့ pageကနေလည်းတိုက်ရိုက်ကြည့်နိုင်ပါတယ်။
ဦးဝင်းနိုင် – https://www.facebook.com/uwinnaing

ပြည်သူတွေအနေနဲ့ သတင်းမှန်တွေကိုသိရှိနိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုသာ စောင့်ကြည့်ပြီး သံသယဖြစ်ဖွယ်သတင်းတွေကို ထပ်ဆင့်မမျှဝေဖို့ တိုက်တွန်းပါရစေ။

အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork