ငလျင်လှုပ်ပြီး မီးပျက်ခြင်းကြောင့်တောင်ကြီးမြို့တွင်ရေရှားပါးမှု အခက်အခဲ ကြုံတွေ့လာရ
…………………..
ခမ်းသားငေါဝ်း
မတ်လ ၃၁၊ ၂၀၂၅

https://www.facebook.com/share/p/1A1tzHwTGT/

ငလျင်လှုပ်ပြီး မီးပျက်ခြင်းကြောင့် တောင်ကြီးမြို့တွင် ရေရှားပါးမှု အခက်အခဲ ကြုံတွေ့လာရကြောင်း သိရသည်၊။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်မှ စတင်ကာ လျှပ်စစ်မီး ပြတ်တောက်ကာ ၃ ရက် ကျော်ကြာမြင့်ပြီဖြစ်ပြီးလျှပ်စစ်မီး မရသဖြင့် ရေကားများလည်း ဝယ်ယူမရဘဲ လက်ရှိ အချိန်တွင် ရေကား တစ်စီး ၄၅၀၀၀ ကျပ် ပေါက်ဈေး ရှိနေကြောင်း ကြား သိရသည်။

“မြို့ထဲ မှာတောင် ၄၅၀၀၀ ကျပ် ဆိုရင် ကျန်တဲ့ နေရာ ပြောမနေနဲ့တော့ ၊ ပုံမှန် အခြေအနေမှာတောင် ရေကားဝင်ဖို့ခက်တဲ့ နေရာတွေ ဆိုရင် ဈေးကြီးတယ် ၊ အရင်ဆိုရင် တစ်ကား ၁၅၀၀၀ ကျပ် ပေးရတယ်၊ အခု မီးမလာတာ ၃ ရက် လောက်ရှိပြီ ၊ အိမ် တွေမှာ ရေတင်လို့ မရသလို ၊ ရေဝယ်သုံးမယ်ဆိုရင် တောင်ရောင်းမယ့် ရေကားမရှိဘူး၊ ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

ထို့အ​ပြင် တောင်ကြီးမြို့၌ မော်တော်ကားဖြင့် လိုက်လံ ရေတင်ပေးသော ဖုန်းနံပါတ် မှာလည်း ဆက်သွယ်ရန် ခက်ခဲခြင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

ရေလိုအပ်ချက် များပြားသဖြင့် အိမ်တိုင်းနီးပါး လိုအပ်လျက်ရှိရာအခမဲ့ ရေလိုက်တင်ပေးသူ ကူညီပေးသူများ မနိုင်မနင်းဖြစ်ရကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက်တွင် ရေလိုအပ် ချက် မြင့်တက်လျက်ရှိပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသလို လျှပ်စစ်မီးလည်း တစ်ပတ်နီးပါး ကြာမြင့်နိုင်သည်ဟုလည်း ပြောဆိုနေကြပါသည်။

ထို့ပြင်မီးမလာ၍ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံး နှင့် ဖုန်းဆိုင် ၊ လက်ဖက်ရည် ဆိုင်များတို့တွင် ဖုန်းအားသွင်းခြင်းကို ဖွင့်လှစ်ပေးထားသဖြင့် လူအများအပြား ဖုန်းအားသွင်းနေရကြောင်း သိရပါသည်။

‌မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိ‌သော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝှမ်း ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သည်။

#ppv006
#social
#ငလျင်
#တောင်ကြီး

photo ရေလိုက်တင်ပေးသည့်ပုံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။