ငလျင်လှုပ်ပြီးနောက် ရွာငံ ရေပြာကန် ရေအရောင်ပြောင်းသွား
…………………….
ခမ်းသားငေါဝ်း
မတ်လ ၃၁၊ ၂၀၂၅

https://www.facebook.com/share/p/1FCQechiqN/

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် တောကျယ်ရွာ မြသပိတ် ရေပြာကန်သည် ငလျင်လှုပ်ခတ်ပြီးနောက် မူလ အပြာရောင် မဟုတ်တော့ဘဲ အရောင်နှောက်သွားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိ‌သော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီး ငလျင်ဒဏ်ကြောင့် ရွာငံမြို့နယ် ရှိ ရေပြာကန် အရောင်ပြောင်းသွားသည်ဟု ဒေသခံကပြောသည်။

“ငလျင်လှုပ်ပြီးတော့ ရေပြာအိုင် ကအရောင်ပြောင်းသွားတယ်။ အရင်ရေကြီးရေလျှံတုန်းကလည်းဖြစ်တယ် ပြန်ကောင်းလာပေမယ့် ခု ပြန်ကောင်းလာမလား ဆိုတာ စောင့်ကြည့်ရမယ်။”ဟု ဒေသခံ က ဆိုသည်။

ယခင်နှစ် စက်တင်ဘာလ ရေကြီးစဥ်ကာလ တွင်လည်း ရေပြာကန် ရေနောက်သွားခဲ့သော်လည်း ပြန်လည်ကြည်လင်သွားခဲ့ဖူးကြောင်း သိရသည်။

ရွာငံမြို့နယ် တွင် ခရီးသွားများဆွဲဆောင်ရာ ရေပြာကန်၊ ရေဖြူကန်၊ ဂဏန်းကျ ရေတံခွန်ကဲ့သို့သော ခရီးသွား ဒေသ အများအပြား တည်ရှိရာ ဒေသလည်းဖြစ်သည်။

#ppv006
#ရေပြာအိုင်
#ငလျင်ဒဏ်
#ရွာငံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။