ငလျင်ဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ၊ စားနပ်ရိက္ခာနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများအတွက် ချင်းပြည်အစိုးရမှ အတတ်နိုင်ဆုံး ကူညီမည်

………………….
ခမ်းသားငေါဝ်း
မတ်လ ၃၁၊ ၂၀၂၅

https://www.facebook.com/share/p/1BjAGur3v2/

ငလျင်ဘေးကြောင့် မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်သော ဆေးဝါးများ၊ စားနပ်ရိက္ခာနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချင်းပြည်(Chinland) အစိုးရမှ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း မတ်လ(၃၀)ရက်မှာ ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ယခုဖြစ်ပေါ်ခဲ့သော ငလျင်သည် အပြင်းထန်ဆုံး ငလျင်အမျိုးအစားဖြစ်ပြီး ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှု အများဆုံးဖြစ်ကြောင်းကို ချင်းပြည်အစိုးရမှ တွေ့ရှိရပါကြောင်း ဖော်ပြထားသည်။

မတ်လ(၂၈)ရက် နေ့လည်ပိုင်းကဖြစ်ပေါ်ခဲ့သည့် (7.7Mw)ပြင်းအားရှိ‌သော မြေငလျင်ကြီးသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် နိုင်ငံအနှံ့လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူ(၁၆၀၀) ကျော်ခန့် သေဆုံးလျက်ရှိပြီး လူဦးရေ(၂၇၀၀) ကျော်ခန့်ပြင်းထန်ဒဏ်ရာများ ခံစားလျက်ရှိမှုအပေါ် ချင်းပြည်(Chinland) အစိုးရအနေဖြင့် ဝမ်းနည်းကြေကွဲစိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

#PPV0011
#လူသားချင်စာနာထောက်ထားမှု
#ချင်းပြည်
#ငလျင်သင့်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။