ငလျင်ဖြစ်ပြီးနောက် မြွေအန္တရာယ်ဖြစ်နိုင်ပါတယ်၊ မြွေတွေနေတဲ့ ကျောက်ဂူတွေပျက်ဆီးသွားတာ၊ ကျောက်ခဲအက်ကြောင်းတွေပျက်ဆီးသွားတာကြောင့် မြွေတွေထွက်ပေါ်လာနိုင်ပါတယ်။ ငလျင်နောက်ပိုင်း ရာသီဥတုအခြေအနေပြောင်းလဲပါက မြွေတွေပိုမိုထွက်ပေါ်လာနိုင်ပါတယ်၊ မြွေတွေက ပြိုကျတဲ့အဆောက်အဦးတွေမှာ ခိုအောင်းနေတာ၊ အမှိုက်ပုံတွေမှာပုန်းအောင်းနေနိုင်တာကြောင့် သတိထားသင့်ပါတယ်။
မြွေအန္တရာယ်ကိုလည်းကာကွယ်ဖို့နည်းလမ်းများ
ပြိုကျနေတဲ့ အဆောက်အဦးများ၊ ချုံပုတ်တွေကို ဖြတ်သန်းတဲ့အခါ ဖိနပ်အပြည့်စီးပါ။
အမှိုက်ပုံများကို သတိထားပါ။
မြွေဆိပ်ဖြေဆေးနှင့် နီးစပ်ရာဆေးရုံတွေကိုရှာဖွေထားပါ။
မြွေကိုက်ခံရပြီးတဲ့နောက် အေးဆေးတည်ငြိမ်စွာနေပါ။ (လှုပ်ရှားမှုများရင် အဆိပ်ပျံ့နှံ့မှုမြန်နိုင်ပါတယ်)
အနီးဆုံးဆေးရုံကို အမြန်သွားပါ (မြွေဆိပ်ဖြေဆေး (Antivenom) ကို အချိန်မီထိုးဖို့လိုအပ်ပါတယ်။
မိမိဖာသာ မကုသပါနဲ့။
ပါးစပ်နဲ့ စုပ်ထုတ်တာ၊ ဓားနဲ့ခွဲတာမျိုးမပြုလုပ်ပါနဲ့။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork