ငလျင်ဒဏ်ကြောင့် အခက်ခဲကြုံတွေ့သူများကို ရွှေနန်းပန်ယာဉ်လိုင်းမှ ၃ ရက်တာ အခမဲ့ပြေးဆွဲပေးမည်
……………………………………
ခမ်းသားငေါဝ်း
မတ် ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/16EivRyUDU/
ငလျင်ဒဏ်ကြောင့် အခက်ခဲကြုံတွေ့နေရသူများကိုတောင်ကြီး -နန်းပန် ခရီးစဉ်အတွက် ရွှေနန်းပန်ယာဉ်လိုင်းမှ ၃ ရက်အခမဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ငလျင်ဒဏ်ကြောင့်အခက်ခဲ ကြုံနေရသူများကို တောင်ကြီး-နန်းပန်ခရီးစဉ်အတွက် ရွှေနန်းပန်ယာဉ်လိုင်းမှ မတ်လ ၃၀ ရက်နေ့ကစပြီး ဧပြီလ ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် အခမဲ့ ပြေးဆွဲပေးမည်ဖြစ်သည်။
“အခုလိုအကုန်လုံးခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ ကူညီနိုင်တဲ့ဖက်ကနေ အလှူပြုခြင်းဖြစ်ပါတယ်။”ဟု ကားဆရာတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
နန်းပန်မြို့နယ်နှင့် အင်းလေးဒေသတစ်ခုလုံးတွင် မတ်လ၂၈ ရက်နေ့တွင် အင်းအားပြင်းငလျင်လှုပ်ပြီးနောက် လူပေါင်း ၈၉ ဦးသေဆုံးပြီး နေအိမ်၂၃၃၇ လုံး ပျက်စီးခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။
ယခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေဆဲဖြစ်ပြီး ဒေသခံများသည် စားနပ်ရိက္ခာ၊ ဆေးဝါးစသည့် စိတ်ပိုင်းဆိုင်ရာ အားပေးမှု အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
#PPV005
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ငလျင်ဒဏ်ကြောင့်
#တောင်ကြီး-နန်းပန်ခရီးစဉ်
#ရွှေနန်းပန်ယာဉ်လိုင်း
#အခမဲ့ပြေးဆွဲပေးမည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7