Month: March 2025

နွေရာသီကျောင်းပိတ်ချိန်၌ အသက်မပြည့်သည့်ကလေးများယာဉ်ကို စည်းမဲ့ကမ်းမဲ့ မောင်းနှင်းလာကြ

ခမ်းသားငေါဝ်း မတ် ၂၄၊ ၂၀၂၅ တောင်ကြီးမြို့ပေါ်ရှိ နွေရာသီ ကျောင်းပိတ်ချိန်ကာလအတွင်း အသက် ၁၈ နှစ်အောက်ကလေးများယာဉ်ကိုစည်းမဲ့ကမ်းမဲ့ မောင်းနှင်လာကြကြောင်း ဒေသခံဆီများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မိန်းလမ်းပေါ်နှင့်ရပ်ကွက် လမ်းကြားတွင် အသက်မပြည့်ဘဲ ဆိုင်ကယ် ကို…

အောင်ပန်းမြို့တွင် ယခုရက်ပိုင်းနေ့စဉ် ဆိုင်ကယ်ခိုးယူမှုဖြစ်ပွားနေ

ခမ်းသားငေါဝ်း မတ်လ ၂၄၊ ၂၀၂၅ အောင်ပန်းမြို့ ဗထူးလမ်း၊ မြို့မဈေးအနီးတွင် မတ်လ ၂၃ ရက် မနက် ၁၀ နာရီအချိန်က wave ဆိုင်ကယ်တစ်စီး လူမြင်ကွင်းရှေ့၌ ခိုးယူခြင်းခံရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင်…

ညိုမီးမြို့ရှောင်လမ်းတစ်လျှောက်ရှိ မြေကွက်လွတ်များတွင် စိုက်ထားသည့် အိမ်ခြံတိုင်များကို ပူးပေါင်း အဖွဲ့တို့လာရောက် ဖျက်ဆီး

ခမ်းသားငေါဝ်း မတ်လ ၂၄၊၂၀၂၅ တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုတွင်းရှိ ညိုမီးကျေးရွာ ၊ ဒုံခရားကျေးရွာ ၊ စသော မြို့ရှောင်လမ်း တစ်လျှောက် ရှိ မြေကွက်လွတ်များတွင် စိုက်ထားသော အိမ်ခြံတိုင်များကိုစစ်ကောင်စီအစိုးရ ပူးပေါင်း အဖွဲ့တို့ဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း…

စစ်တပ်၏စစ်ရေးလေ့ကျင့်ရေးသင်တန်းကွင်းမှတွေ့ရှိသည့်ဗုံးကို ယူပြန်ဆော့ကစားရာမှ ပေါက်ကွဲပြီး ကိုရင်တစ်ပါးနှင့်ရွာသားတစ်ဦး သေဆုံး

ခမ်းသားငေါဝ်း မတ်လ ၂၃၊ ၂၀၂၅ လျှောက်လည်ရင်း စစ်ကောင်စီတပ် စစ်ရေးလေ့ကျင့်ရေးကွင်းမှတွေ့ရှိသည့် ဗုံးကို ပါပင်းရွာသားတစ်ဦးကောက်ယူပြီး ဘုန်းကြီးကျောင်းသို့ယူပြန်ဆော့ရာမှ ပေါက်ကွဲပြီး ဗုံးယူပြန်သည့်သူရွာသားနှင့် ကိုရင်တပါး သေဆုံးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ဗော်ဟွန်ကျေးရွာအုပ်စု ပါပင်းဘုန်းကြီးကျောင်းတွင် မတ်လ ၂၁…

ပင်လောင်းတွင် ဆန်ကိုကားဖြင့် နမူနာတမျိုးပြပြီး လိမ်လည်ရောင်းချမှုရှိနေ

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၅ ပင်လောင်းမြို့တွင် ဆန်ကို နမူနာပြတာက တစ်မျိုးပြပြီး တကယ်ဝယ်သည့်အခါ ချပေးသည့်ဆန်အိတ်သည် နောက်ဆန် တစ်မျိုးနှင့် ချပေးကာ ကားဖြင့် လိမ်လည်ရောင်းချမှု ရှိနေကြောင်း စုံစမ်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ဆန်ကို…

စိုက်ပျိုးရာသီရောက်ခါနီး ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာဈေးမြှင့်တက်သဖြင့် တောင်သူများအခက်တွေ့

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၅ စိုက်ပျိုးရာသီရောက်ခါနီး ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာဈေးမြှင့်တက်သဖြင့် တောင်သူများအခက်တွေ့နေရကြောင်း စိုက်ပျိုးတောင်သူထံမှသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် တောင်သူများ ကြိုတင်ပြီး မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ဝယ်ယူကြရာ ယခင်နှစ်ထက်အဆမတန် ဈေးမြှင့်မားနေသဖြင့် အခက်အခဲကြုံနေရသည်၊၊ “ငွေဆယ်သိန်းကို…

ပေါင်းလောင်းမြို့တွင် စစ်မှုထမ်းအတွက် လစဉ်ငွေကောက်ခံနေသဖြင့် ဒေသခံများအခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၅ ပေါင်းလောင်းမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအတွက် လစဉ်ငွေကြေးကောက်ခံနေသောကြောင်း ဒေသခံများအခက်ခဲဖြစ်နေရသည်ဟု စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ၂၀၂၄ ခုနှစ်ကစပြီး ယနေ့ထိ လစဉ် စစ်ကောင်စီက စစ်မှုထမ်းစရိတ် တစ်အိမ်ထောင်…

ထိုင်းနိုင်ငံသို့ အလုပ်လုပ်မည့် အလုပ်သမားများ တစ်လလျှင် အယောက်(၅၀)သာ အလုပ်ခေါ်စာ တင်ပြခွင့်ပြုတော့မည်

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၅ ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်သမားစေလွတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီဘက်မှ အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ခေါ်စာ တင်ပြရာတွင် (၁)လလျှင် အလုပ် သမား(၅၀)ဦးသာ ခွင့်ပြုတော့မည် ကန့်သတ်ချက်ကို စစ်ကောင်စီ၏…

တောမီးရှို့ရာမှ ထွက်လာသည့် မီးခိုး‌‌ငွေ့များကိုရှူမိ၍ သက်ကြီးရွယ်အိုများအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွား

ခမ်းသားငေါဝ်း မတ်လ၂၂၊ ၂၀၂၅ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် တောင်ယာမီးရှို့ရာမှ ထွက်လာသည့်မီးခိုးငွေ့များကို ရှုရှိုက်မိ၍ သက်ကြီးရွယ်အိုအချို့ အသက်ရှုလမ်းကြာင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအနောက်ဖက် ခြမ်းရှိကျေးရွာများတွင် ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ရန် တောမီးရှို့ခြင်းများပြုလုပ်နေပြီး မီးခိုးငွ့များကိုရှူရှိုက်မိ သော…

ကျိုင်းတုံ – တာချီလိတ်လမ်း ပန်ကွဲတောင်အဆင်း တွင် ဆယ်ဘီးယာဉ် တိမ်းမှောက် ကားဆရာ သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၅ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံ – တာချီလိတ်လမ်း ပန်ကွဲတောင်အဆင်း ပန်လော့ရွာ အထက်တွင် ဆယ်ဘီးယာဉ် တိမ်းမှောက်သဖြင့် ကားဆရာ သေဆုံး ၊ ၃ ဦး ဒဏ်ရာရရှိ…