Month: March 2025

ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီ အသီးများပျက်စီး

ခမ်းသားငေါဝ်း မတ်လ ၂၆၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီသီးများ လွင့်ပစ်ရကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။ စတော်ဘယ်ရီသီးများသည် မိုးရွာသွန်းချိန် အသီးပျက်စီး​ခြင်း ၊ အသီးပိုးဖောက်ဝင်ရောက်ခြင်းကြောင့် အသီးများကို သန့်ရှင်း၍ ရောင်းချရကြောင်း ၊…

ဖုန်းတာဝါတိုင်ရှိသော်လည်း ဖုန်းလိုင်းပြတ်တောက်နေ ၍ စိန်ပန်းရွာဒေသခံများအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း မတ်လ ၂၆၊ ၂၀၂၇ ဖုန်းတာဝါတိုင်သာရှိပြီး ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်နေ၍ ပင်လောင်းမြို့နယ် စိန်ပန်းရွာဒေသခံများ အခက်ခဲဖြစ်နေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်မော်ကျေးရွာအုပ်စု စိန်ပန်းရွာတွင် ဖုန်းတာဝါတိုင်ရှိပြီး ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်နေ၍ ဒေသခံအရေးပေါ်ကြုံတွေ့ပါက အခက်ခဲရှိနေကြောင်း…

စစ်ကောင်စီ၏ ၃၆ နှစ်ကြာ တပ်စွဲခဲ့သည့် ထိုင်း-မြန်မာနယ်စပ်ရှိ တပ်စခန်းကို KNU သိမ်းပိုက်

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၅ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ၃၆ နှစ်ကြာ ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မတ်လ ၂၆ ရက်တွင် KNU က ထုတ်ပြန်ထားသည်၊၊ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊…

ကူမင်းဆွေးနွေးပွဲ မအောင်မြင်ခြင်းအပေါ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မည်ကို လားရှိုးဒေသခံများ စိုးရိမ်

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၅ တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် လားရှိုးမြို့ကို ထိန်းချုပ်ထားသော (MNDAA)နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မတ်လ (၂၂)ရက်နေ့က သွားရောက်တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရာတွင် အောင်မြင်မှုမရှိဘဲ ပျက်သွားကြောင်း သိရသည်။ ယခုတစ်ခေါက်…

မိုင်းပေါက်တွင် ဝက်ဝံကိုက်ခံရပြီး အသက်(၇)နှစ်အရွယ် ကလေးသေဆုံး

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၅ (UWSA)ထိန်းချုပ်ထားသည့် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့တွင် ဝက်ဝံကိုက်ခံရပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်(၁)ဦး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းဌာန Wa News Land ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ်လ(၂၂)ရက်မှာ ကလေးငယ်က…

ဒေသခံအချို့ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူနေအိမ်အတွင်းရှိ ပစ္စည်းများကို သယ်ယူပြီး ပင်လောင်းတွင် ပြန်ရောင်း

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၅ ဖယ်ခုံမြို့ ပြည်သူနေအိမ်အတွင်းရှိ တန်ဖိုးရှိသောပစ္စည်းများကို ဒေသခံအချို့က စစ်ကောင်စီနှင့် ပူးပါင်းပြီး သယ်ယူကြကာ ပင်လောင်းဖက်တွင် ပြန်ရောင်းနေကြကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့တွင် နေရပ်ပြန်မလာနိုင်ကြသေး‌သောပြည်သူအချို့ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ဒေသခံအချို့က…

ပင်လောင်းမှ ဖယ်ခုံသို့ ကုန်စိမ်းရောင်းဝယ်သူများကို စစ်ကောင်စီဂိတ်က ပေးမသယ်သဖြင့် အခက်အခဲများဖြစ်နေကြသည်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၅ ၊ ၂၀၂၅ ဖယ်ခုံမြို့ရှိနေရပ်ပြန်စစ်ရှောင်များအတွက် ပင်လောင်း-ဖယ်ခုံကုန်စိမ်းအသွားအပြန် ရောင်းဝယ်သူများကို စစ်ကောင်စီဂိတ်က ပေးမသယ်သဖြင့် ဒေသခံများက အခက်အခဲများဖြစ်နေကြကြောင်း မတ်လ(၂၅)ရက်နေ့တွင် စစ်ဘေးရှောင်သူထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်တို့တွင်ရောက်ရှိသော ဖယ်ခုံဒေသခံများကို စစ်ကောင်စီက ယခုလဆန်းပိုင်းတွင်…

မိုးဗြဲတွင် တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများနေ

ခမ်းသားငေါဝ်း မတ် ၂၅၊ ၂၀၂၅ မိုးဗြဲတွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကာ တိုက်ပွဲအတွင်း နှစ်ဖက်လုံး ထိခိုက်ကျဆုံးမှု…

ယခုတစ်ပတ်အတွင်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့ မိုးထစ်ချုန်းရွာနိုင်

ခမ်းသားငေါဝ်း မတ် ၂၅၊ ၂၀၂၅ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် မတ်လ(၂၄)ရက်နေ့မှစကာ မတ်လ(၃၀)ရက်နေ့အထိ အချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း (NUG)လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လ(၂၄)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ယခုတစ်ပတ်အတွင်းမိုးအခြေအနေသည် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊…

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူဟု ယူဆရသည့် တရုတ်လူမျိုး(၂၀)ကျော်ဖမ်းမိကြောင်း သိရ

ခမ်းသားငေါဝ်း မတ် ၂၅၊ ၂၀၂၅ ဝမ်စိမ်းတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူဟု ယူဆရသည့် တရုတ်လူမျိုး အယောက်(၂၀)ကျော်ကို မတ်လ (၂၄)ရက်က ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ် ဝမ်စိမ်းရွာတွင် မည်သည့်နေရာမှ ရောက်လာသည်ကို မသိရသော မြန်မာစကားမတတ်…