အင်းလေးဒေသ ကေလာရွာ၌ အိမ်ခြေ ၈၀၀ ကျော် ပျက်စီးပြီး နေရာထိုင်ခင်းအတွက် အကူအညီများစွာလိုအပ်နေ
……………………………………
ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1BdZhzd4xE/
အင်းလေးဒေသရှိ ကေလာကျေးရွာ၌ ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသဖြင့် ဒေသခံများအတွက် နေရာထိုင်ခင်း အရေးပေါ်လိုအပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ မြို့အင်းလေးဒေသ၌ မတ်လ ၂၈ ရက် နေ့၌ လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ဒဏ်ကြောင့် ဒေသခံများ၏ နေအိမ် ၈၀၀ ကျော် နီးပါးပျက်စီး၍ ၂၀၀ကျော် ထိခိုက်ခဲ့သဖြင့်နေစရာ အခက်အခဲရှိနေသည်။
“နေဖို့နေရာအခက်အခဲတွေလုပ်နေကြတယ်ရှင့် အိမ်တွေကအကုန်ပျက်ဆီးကုန်တာလေ၊ မပြို လုံးလုံးမပြိုကြတဲ့အိမ်တွေစောင်းပြီး နေဖို့ အဆင်မပြေဘူးလေ စိတ်မချရလို့ အဲ့ကြောင့်ဒီတိုင်လှေပေါ်မှာဘဲ မျောပြီးနေကြတဲ့သူနေတယ် ကုန်းမြေရှိတဲ့နေရာမှာ ယာယီတဲတွေ ထိုးပြီးနေကြတဲ့သူတွေရှိတယ်”ဟု ကေလာဒေသအား ကူညီပေးနေသည့် စေတနာ့ဝန်တမ်းတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ကေလာကျေးရွာ၌ ရပ်ကွက် (၆)ရပ်ကွက် တွင် အိမ်ခြေ ၁၀၀၀ကျော် ၏ (၈၀)% လောက် ပျက်စီးခဲ့ပြီး ကျန်ရှိသည့်အိမ်များသည် ထိခိုက်မှု ရှိကြောင်းနှင့် သေဆုံးသူမှာ (၄၁)ဦး အထိ ရှိကြောင်း ၎င်း ကဆက်ပြောသည်။
နောက်ဒေေသခံတစ်ဦးကလည်း “ကေလာရွာတောင်ဘက် ဇရပ်ကြီးရွာဆိုလည်း အိမ်ခြေ ၁၆၀ ရှိတယ် ၁၅၀ လောက်ပျက်စီးသွားတယ် ကမ်းစပ်ကရွာတွေတော့ သိပ်မပျက်စီးကြဘူး အိမ်တွေပြန်ဆောက်ဖို့သစ်တွေဝါးတွေဝယ်ရမှာဆိုတော့ အဓိကပိုက်ဆံပေါ့နော် အကူညီလိုအပ်တာက”ဟုပြောသည်၊၊
ထိုပြင် ပျက်ဆီးသွားသည့် အိမ်များကို ကယ်ဆယ်ရေးလုပ်ရန်အတွက် လူအားမရှိခြင်း၊ စက်ပစ္စည်းကိရိယာများလည်း လိုအပ်ကြောင်းသိသည်။
“ခုလောလောဆယ်တော့ အိမ်တွေပြိုကြသွားတဲ့အိမ်တွေကို ကူဖျက်ပေးမယ်သူလည်းမရှိဘူး ပစ္စည်းတွေလည်းမရှိတော့ဘူးလေ လူတွေကလည်း ကိုယ်အိမ်ကို နေဖို့စားဖို့လုပ်နေကြတော့လေ ပျက်ဆီးသွားတဲ့အိမ်တွေက်ိုလည်းဖျက်ဖို့ လူလည်းမရှိဘူး ပစ္စည်ကိရိယာလည်း မရှိဘူး”ဟု ကေလာ ဒေသ ၌ ကူညီ နေသည် စေတနာ့ဝန်းထမ်းမှပြောသည်။
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြုပြီး လှုပ်ခပ်ခဲ့သည့် ပြင်း အား ၇ ဒသမ ၇ ရေချ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ဒဏ်ကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့တွင်ထိခိုက် ဆုံးရှုံးမှုကြီးမားခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းတွင်လည်း အင်းလေး၊ အောင်ပန်း၊ တောင်ကြီးစသည့်ဒေသများ ၌ လူသေဆုံးမှုများရှိကြောင်း သိရသည်။
PPV0013
ပုံ-အွန်လိုင်
#သဘာဝဘေး
#ညောင်ရွှေ မြို့
#အင်းလေးဒေသ
#အင်းအားပြင်းငလျင်
#ကေလာဒေသ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7