မန္တလေးတွင် ဓမ္မာစရိယစာမေးပွဲ သွားဖြေသည့် ဆီဆိုင်မြို့နယ်ကောင်မူဗွာရွာမှ ရဟန်းတစ်ပါး ငလျင်ကြောင့် ပျံလွန်တော်မူ
……………………………………..

ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၅

https://www.facebook.com/share/p/162HygEVxW/

မန္တလေးသို ဓမ္မာစရိယစာမေးပွဲသွားဖြေသည့် ကောင်မူဗွာရွာဇာတိ အရှင်ရာဟုလာသည် ငလျင်ကြောင့်ကျောင်းဆောင်ပြိုကျပြီး ပျံလွန်တော်မူသွားခဲ့ရကြောင်း ရွာသားများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကောင်မူရွာဇာတိဖြစ်သော အရှင်ရာဟုလာသည် မန္တလေးမြို့တွင် စားမေးပွဲဖြေရန်အတွက် ရောက်ရှိစဉ် မတ်လ၂၈ ရက်နေ့တွင်အင်းအားပြင်းငလျင်ကြောင့် ပျံလွန်တော်မူခဲ့ရသည်။

“မနေ့က ရွာကလူသွားကြတယ်။မန္တလေးမှာ စာသွားဖြေတာ ဒီလိုဖြစ်တော့ စိတ်လုံးဝမကောင်းဘူး။သေမင်းက လူကောင်း လူတော်တွေကိုဘဲ ရွေးခေါ်တယ်”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အရှင်ရာဟုလာသည် ၂၀၂၀ မတိုင်ခင်တွင် ကျောင်းဆရာလုပ်ခဲ့ပြီး ဘော်ဒါဆောင်လည်းဖွင့်ကာ ကိုဗစ်ရောဂါ ဖြစ်ပွားပြီးနောက် ရဟန်ဝတ်လိုက်ကြောင်း သိရသည်။

မန္တလေး၊မဟာအောင်မြေမြို့နယ် ပရိယတ္တိသာသနဟိတအသင်း(ဦးလှသိန်း)ဗိမာန်တွင် မတ်လ ၂၈ ၌ ဓမ္မာစရိယ စာမေးပွဲဖြေဆိုနေစဉ် ငလျင်လှုပ်သဖြင့် ကျောင်းဆောင်ပြိုကျမှုကြောင့် သံဃာ အပါး ၉၀ ကျော် ပျံလွန်တော်မူကာ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယခုထိ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေဆဲဖြစ်ကြောင်း လူမှူကယ်ဆယ်ရေးအဖွဲ့ ဖော်ပြချက်အရသိရသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မြန်မာပြည်အလယ်ပိုင်း ၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ရေချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ Major Earthquake (ငလျင်ကြီး) လှုပ်ရှားခြင်းကြောင်း လူပေါင်း ၁၆၄၄ဦးသေဆုံးခဲ့ကြောင်း မတ်လ၂၉ရက်ညတွင် စစ်ကောင်စီကထုတ်ပြန်ထားပါသည်။

#PPV005
#သဘာဝဘေး
#ဆီဆိုင်မြို့နယ်
#ကောင်မူရွာ
#အရှင်ရာဟုလာ
#မန္တလေးမြို့
#ဓမ္မာစရိယစားမေးပွဲ
#အင်းအားပြင်းငလျင်
#ပျံလွန်တော်မူ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7