မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးရ မြေငလျင်သတင်းအချက်အလက် စုစည်းမှုများ
၂၀၂၅ မတ်လ ၂၈ရက် ၁၂ နာရီ မိနစ် ၅၀ကျော်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇.၇ ရစ်ချက်စတာစကေးရှိသော အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်ငယ်များကြောင့် လက်ရှိအချိန်ထိ ပြည်သူ ၃၀၀၀ နီးပါးသေဆုံးခဲ့ပြီး ၃၀၀၀ကျော် ထိခိုက်ဒဏ်ရာရရှိနေသည်။
ထိခိုက်ပျက်စီးမှုများပြားသဖြင့် ငလျင်ဒဏ်သင့်အဆောက်အအုံများအတွင်း ရှာဖွေကယ်တယ်ရေးများ ဆက်လက်လုပ်ဆောင်နေပြီး လူသေဆုံးမှု ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်သည်။
၃၀ မတ် ၂၀၂၅ ရက်နေ့ နေ့လည် ၆း၀၀ အထိ ယုံကြည်စိတ်ချရသည့် မြေငလျင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ
လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုစာရင်း
မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိနောက်ဆုံးရသတင်းတွေအရ သေဆုံးသူ (၂၉၇၄)ယောက်၊ ဒဏ်ရာရှိသူ ၃၁၂၂ယောက်ရှိနေပါတယ်။
Mizzima – https://www.facebook.com/share/p/1DJogNFhKo/
နောက်ဆုံးရ အချက်အလက်တွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ၄၃နာရီအတွင်းမှာ မန္တလေးတိုင်းမှာသေဆုံးသူ ၁၂၅၉ယောက်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ သေဆုံးသူ ၃၇၆ယောက်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၇၉ယောက်၊ စစ်ကိုင်းမြို့အပါဝင် စစ်ကိုင်းတိုင်းမှာ ၇၉ယောက်နဲ့ ပဲခူးတိုင်းမှာ ၂၉ယောက်ထိရှိလာပြီး စုစုပေါင်းသေဆုံးသူ ၂၀၂၈ယောက်ထိရှိလာပြီဖြစ်တယ်လို့ DVB TV News ကသတင်းရေးသားထားပါတယ်။
DVB TV News – https://burmese.dvb.no/post/697683
မန္တလေးတိုင်းပျော်ဘွယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၈ရက်နေ့၊ နေ့လည်ပိုင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်အခုလက်ရှိ အချိန်ထိသေဆုံးသူ ၂၀၀ကျော်ထိရှိနေပြီး ပျောက်ဆုံးသူ ၄၀၀ကျော်ထိရှိနေတယ်လို့ RFA Burmese ကရေးသားထားပါတယ်။
RFA Burmese – https://www.facebook.com/share/p/18UCjikVMs/
စစ်ကိုင်းမြို့အတွင်းမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ၂၀၀ကျော်အထိရှိလာပြီး လက်ရှိအချိန်ထိ သေဆုံးသူများရဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်လို့မရသေးဘူးလို့ BBC-Burmeseက သတင်းဖော်ပြပေးထားပါတယ်။
BBC Burmese – https://www.facebook.com/share/p/1Hm4whZDB6/
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ကြာနီကန်၊ တောင်အင်း၊ မြောက်အင်းသုသာန်တွေမှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဒီကနေ့မနက်အထိ ရုပ်အလောင်း၅၀၀ကျော်အထိသင်္ဂြိုဟ်ခဲ့ရတယ်လို့ Myanmar – Nowက ဖော်ပြ
Myanmar Now – https://shorturl.at/QePZI
ပျော်ဘွယ်၊ သံတွဲ၊ ဝမ်းတွင်းမြို့အတွင်း ဒီကနေ့ ညနေ၄နာရီနောက်ဆုံးရသတင်းအရ သေဆုံးသူ၂၀၀နီးပါးတွေ့ရှိထားပြီး၊ ဒဏ်ရာရသူ၈၀ကျော်ရှိလာ၊ နေအိမ် အဆောက်အဦး ၃၀၀ကျော် ပြိုကျပျက်ဆီးခဲ့
DVB TV News – https://www.facebook.com/share/p/19ZQonuqGW/
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဟိုတယ်ပြိုကျမှု သေဆုံးသူ ၉ဦးထိရှိလာ
DVB TV News – https://www.facebook.com/share/p/12HJTc1mts1/
စစ်ကိုင်းတိုင်းအတွင်း ပြိုကျခဲ့တဲ့ ဗလီ ၃ခုထဲကနေ အလောင်း ၅၄ဦးတွေ့ရှိ ၊ မြတ်စေတနာ ကိုယ်ပိုင်ကျောင်းအတွင်း မူကြိုအရွယ်ကလေးတွေနဲ့ ကျောင်းအုပ်ဆရာမကြီးပါပိတ်မိနေ
DVB TV News – https://www.facebook.com/share/p/198yDub73T/
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အင်းလေးဒေသမ ငလျှင်ဒဏ်ကြောင့် သေဆုံးသူ၉၀ကျော်အထိရှိလာ
BBC Burmese – https://www.facebook.com/share/p/1EHk5AeVAj/
မန္တလေးတိုင်း၊ မဟာအောင်မြေနယ်မြေထဲက ဦးလှသိန်းဗိမာန်ပြိုကျတာကြောင့် သံဃာ၁၃ပါးပျံလွန်တော်မူ၊ ၅၈ပါးအသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပြီး၊ အပါး ၂၀၀ကျော်ပိတ်မိနေ။
BBC Burmese – https://www.facebook.com/share/p/1AG8K3LHAv/
စစ်ကိုင်းမြို့မှာ ငလျင်ကြောင့်သေဆုံးသူ ၆၀၀နီးပါးရှိလာ၊
People’s Spring -https://www.facebook.com/share/p/14YLHjhoUK/
မန္တလေးမှာ ဗလီပြိုကျတာကြောင့် သေဆုံးသူ အစ္စလမ်ဘာသာဝင် ၄၀၀ကျော်အထိရှိလာ
People’s Spring – https://www.facebook.com/share/p/1FzGQK2cUe/
မန္တလေးတိုင်း၊ ကျောက်ဆည်မှာ ငလျှင်ကြောင့် မူကြိုကျောင်းပြိုကျပြီး အယောက်၅၀ကျော်သေဆုံးပြီး ၁၀၀ကျော် ထိခိုက်ဒဏ်ရာရ
မြေလတ်အသံ – https://www.facebook.com/share/p/1Fg5SN92ui/
စစ်ကိုင်းမြို့မှာ ငလျင်ကြောင့် လူ ၁၀၀၀ဝန်းကျင်သေဆုံးနိုင်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆို
Tachileik News Agency – https://www.facebook.com/share/p/16AkAbgRad/
၇.၇ ပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်အပြီး ၃ရက်ကျော်အကြာ ဒီကနေ့ မတ်လ၃၀ရက် ညနေ ၃နာရီအထိ DVBကကောက်ယူထားတဲ့စရင်းအရ သေဆုံးသူ ၂၆၀၁ယောက်ရှိနေပြီဖြစ်
DVB – https://www.facebook.com/share/p/1ANh195U2C/
ဘာသာရေး သာသနိက အဆောက်အဦးပျက်ဆီးမှု
မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ သာသနိက အဆောက်အဦးများစွာ ထိခိုက်ပျက်ဆီးခဲ့ပါသည်။ ဘုရားပုထိုး၊ စေတီ နှင့် ဘုန်းကြီးကျောင်း (၁၀၈) ခန့်, အစ္စလာမ် ဝတ်ပြုကျောင်း (ဗလီ) (၆၀) ခန့်နှင့် ခရစ်ယာန် ဘုရားကျောင်းကျောင်း (၂၀) ခန့်တို့ ပျက်ဆီးခဲ့သည်။ နောက်ဆုံးရသတင်းအချက်အလက်များ အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
မြေငလျင်ကြောင့် မြန်မာနိုင်ငံရှိ ဗလီ အလုံးခြောက်ဆယ်ခန့် ပြိုကျဆိုပြီး Dawei Watch က သတင်းတင်ဆက်ထားပါသည်။ သတင်းအပြည့်အစုံလင်ခ့် (https://shorturl.at/y0fGx)
Ministry of Humanitarian Affairs and Disaster Management – NUG က ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေ ကနဦး အစီရင်ခံစာ (အမှတ်စဉ်-၂) ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ထားပါသည်။ သတင်းအပြည့်အစုံလင့်ခ် – https://shorturl.at/tiTYu
ရှေးဟောင်းသမိုင်း၊ ယဥ်ကျေးမှု၊ အနုပညာတွေကို သုတေသနပြုလုပ်နေတဲ့ ကိုဇင်မျိုးလင်းကလည်း ပြိုကျသွားတဲ့ ရှေးဟောင်းအဆောက်အဦ တရာကျော်စရင်းကို သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ https://shorturl.at/3CmdX
မြေငလျင်လှုပ်ပြီးချိန်တွင် အများပြည်သူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများစွာလိုအပ်လျက်ရှိသည်။ ထိုအခြေအနေတွင် ကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များညွှန်ကြားသည့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကို လိုက်နာသင့်ပါသည်။ Myanmar Fact-checking Network အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားသူတွေကို ကူညီသည့်နည်းလမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရော အဆင်မပြေမှု အကူအညီတွေကို တွေကိုလည်း ရှာဖွေစုဆောင်းထားပေးပါသည်။
အသေးစိတ်တွေကို အောက်က လင့်ခ်တွေ ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
ကမ္ဘာကျန်းမာရေးအဖွဲ့ (မြန်မာ) World Health Organization Myanmar’s က ထုတ်ပြန်ထားသည့် ကျန်းမာရေးစောင့်ရှောက်မှုနနည်းလမ်းများ ကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Post –
https://www.facebook.com/share/p/1BKVsSYBCP/
[ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာ ပြုစုခြင်းနည်းလမ်း]
Citta Consultany မှ ပြုစုထားသည့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနည်းလမ်းများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://drive.google.com/drive/folders/1w5I5EH1ihMh4ns84F1_koSJSh2MgM8Ze?usp=sharing
Counselling Corner မှ စုစည်းထားသည့် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာရော အကူအညီ အထောက်ပံ့အတွက် လေ့လာရမည့် အရင်းအမြစ်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ရယူနိုင်ပါသသည်။
https://www.facebook.com/share/p/1F2LhQruJ8/
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork