ငလျင်လှုပ်နေချိန်မှာ စားပွဲစတဲ့ အကာအကွယ် တခုခုအောက်မှာ မနေသင့်ဘူးဆိုတဲ့ ဖော်ပြချက်အမှား

မတ်လ – ၂၉ ရက်၊ ၂၀၂၅။
( Fact-check) Lagon Eain, The Red Flag

“ငလျင်လှုပ်ရင် စားပွဲအောက်မှာ နေပါ ……အစရှိတဲ့ အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။” ဆိုတာနဲ့ “အသက်ကယ် တြိဂံ” ထဲမှာ နေကြဖို့ ဖော်ပြနေတာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ အကြောင်းအရာကို Facebook လူမှုကွန်ယက် ပေါ်မှာ အဆင့်ဆင့် ကူးယူဖော်ပြ နေကြတာကို တွေ့ရပါတယ်။ ပျံနှံမှု React 7.3k, Share 5.5k နဲ့ Comment 60 ကျော်ရှိနေတဲ့ ဖော်ပြချက် တခုကို ဒီမှာ http://archive.today/fHOYF ကြည့်ပါ။

အလားတူ ကူးယူဖော်ပြထားတဲ့ Post တခုကိုလည်း ဒီမှာ http://archive.today/qN8Z2 ကြည့်ပါ။

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အထက်ပါ သတင်းအမှားကို Myanmar Fact-checking Network အဖွဲ့ဝင် လဂွန်းအိမ် က စိစစ်ကြည့်သည့် အခါ သတင်းအမှားဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

#စိစစ်တွေ့ရှိချက်

အဆိုပါ ဖော်ပြချက်ကို Lagon Eain Fact-check Team က စစ်ဆေးကြည့် ရာမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြု ပြောကြားချက်နဲ့ ကွဲလွဲနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ငလျင်လှုပ်နေချိန်မှာ ဝပ် – ဝပ်နေပါ၊ ကာ – အကာအကွယ်ယူပါ၊ ငြိမ် – ငြိမ်နေပါ (တနည်း) ကိုင် – ကိုင်ထားပါ ဆိုတဲ့ အကြံပြုချက်တွေကို ထုတ်ပြန်ထားပါတယ်။
(MRCS ရဲ့ အကြံပြုချက်တွေကို https://shorturl.at/doKDM , https://shorturl.at/8D8tI ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ )

ငလျင်လှုပ်ပါက မိမိနေထိုင်တဲ့ အခန်းထောင့်ရှိ ခိုင်ခံတဲ့ စားပွဲ၊ ဆိုဖာထိုင်ခုံ၊ ကုတင် စတဲ့နေရာတွေမှာ အမြန်ဆုံး အကာအကွယ်ယူဖို့ အပါအဝင် ဆောင်ရန်ရှောင်ရန် အချက်တွေကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG), လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန််ကြီးဌာနက ထုတ်ပြန်ထားတာကို https://shorturl.at/l6bvi ဒီမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

အလားတူ BBC သတင်းဌာနက အကြံပြု ဖော်ပြထားတဲ့ ငလျင်ဘေးကင်းအောင် ဘာတွေလုပ်ကြမလဲ အသိပညာပေး ဗီဒီယိုကို https://www.youtube.com/watch?v=j9FPW47LzhI ကြည့်နိုင်ပါတယ်။

ကမ္ဘာမြေနဲ့ သက်ရှိလောက အကြောင်းကို လေ့လာထုတ်ပြန် ပေးနေတဲ့ United States Geological Survey – USGS ကလည်း “Drop, cover, and hold under a table or desk is still the best recommendation.” “ဝပ် – ကာ – ကိုင်” နည်းက ငလျင်လှုပ်ချိန်မှာ လုပ်ဆောင်သင့်တဲ့ အကောင်းဆုံး အကြံပြုချက် ဖြစ်ကြောင်းကို ဖော်ပြထားပါတယ်။
USGS ရဲ့ ဖော်ပြချက်ကို https://www.usgs.gov/…/what-triangle-life-and-it… ဒီမှာကြည့်ပါ။

အလားတူ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတဲ့ Emergency Live ဝက်ဘ်ဆိုဒ်မှာလည်း “အသက်ကယ် တြိဂံ” အယူအဆက မှားယွင်းနေပြီး အန္တရာယ် များနိုင်တယ်လို့ ထောင့်ပြထားပါတယ်။
Emergency Live ရဲ့ ဖော်ပြချက်ကို https://www.emergency-live.com/…/earthquakes-and…/ ဒီမှာကြည့်ပါ။

#သုံးသပ်ချက်

ကျွမ်းကျင် ပညာရှင်များ၊ နိုင်ငံတကာ နဲ့ ဒေသတွင်း အဖွဲ့အစည်းများရဲ့ အကြံပြု ဖော်ပြချက်များအရ ငလျင်လှုပ်တဲ့အခါ “ဝပ်-ကာ-ကိုင် (Drop, Cover, and Hold)” ဆိုတဲ့ နည်းလမ်းကသာ အကောင်းဆုံး ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

“အသက်ကယ် တြိဂံ” Triangle of Life ယူဆချက်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေပြချက် မရှိနေသလို FEMA၊ USGS နဲ့ ကြက်ခြေနီအသင်း အစရှိတဲ့ နိုင်ငံတကာ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ အများစုက ထောက်ခံထားခြင်း မရှိပါဘူး။

ထို့ကြောင့် ငလျင်လှုပ်တဲ့ အချိန်မှာ ခိုင်ခံတဲ့ စားပွဲအောက်ကဲ့သို့ အကာကွယ် တခုခုအောက်မှာ မနေသင့်ဘူး ဆိုတဲ့ ဖော်ပြချက်က အချက်အလက် အမှားတခုသာ ဖြစ်ကြောင်းကို စိစစ်ဖော်ပြ ပေးလိုက်ရပါတယ်။

မိဘပြည်သူများ အနေနဲ့လည်း အွန်လိုင်းပေါ်မှာ တွေ့နေရတဲ့ သတင်းတွေကို အလွယ်တကူ မယုံသင့်ပဲ သတင်းအမှန် ဟုတ်/မဟုတ်ကို တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယ ရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးနေတဲ့ သတင်းဌာန / အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

#Mis_Disinformation #RedFlag #MFCN #LagonEain #FactCheck