ငလျင်ဒဏ်ကြောင့် အင်းလေးဒေသရှိ နေအိမ် (၁၉၇၂) လုံးထက်မနည်းထိခိုက်ပြီး၊ လူ ၅၀ ထက်မနည်းသေဆုံး
…………………….
ခမ်းသားငေါဝ်း
မတ်လ၂၉၊၂၀၂၅

https://www.facebook.com/share/p/15xeasYAD7/

အင်အားပြင်းငလျင်ကြောင့် မတ်လ(၂၉)ရက် ညနေအထိ ကောက်ယူထားသည့် စာရင်းအရ အင်းလေးဒေသရှိ နေအိမ်ပေါင်း (၁၉၇၂) အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးမှု(၅၀)ဦး ထက်မနည်း ရှိကြောင်း အင်းလေးလူ့အခွင့်အရေးမှ ဖော်ပြချက်အရ သိရသည်။

အရပ်သားသေဆုံးမှု စုစုပေါင်း(၅၀)ဦးထဲတွင် မွေးကင်းစကလေး၊ (၅)နှစ်အောက်နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း ဖော်ပြချက်အရ သိရသည်။

ငလျင်ဘေးကြုံတွေ့နေရသည့်အင်းလေးဒေသတွင် ယခုအချိန်မှာ အရေးပေါ်စားနပ်ရိက္ခာ၊ ရေသန့်၊ ဆိုလာမီးသီး၊ ကုန်ခြောက်စသည့် အကူအညီများ လိုအပ်လျက်ရှိသည်။

အင်းလေးဒေသသည် ရေပေါ်အိမ်များ ဖြစ်သည့်အတွက် ရေးဘေးကြောင့် ပြန်လည်ထူထောင်ရေး မပြီးဆုံးခင် ငလျင်ဘေးနှင့် ရင်ဆိုင်ရသောကြောင့် လက်ရှိတွင် ပြည်သူများ ပြန်လည်နေထိုင်ဖို့ အခက်ခဲများစွာရှိနေကြောင်း သိရသည်။

‌မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိ‌သော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝှမ်း ထိခိုက်သေဆုံးမှအများအပြားရှိခဲ့သည်။

#PPV0011
#သဘာဝဘေး
#အင်းလေး
#ငလျင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။