ငလျင်ကြောင့် အင်းလေးဒေသတွင် ပျက်စီးမှုများနေသည့်အတွက် အင်းလေးရေပေါ်သင်္ကြန် မပြုလုပ်တော့ကြောင်း သိရ
………………………………………….
ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1Yxbg6kHKE/
ငလျင်ကြောင့် အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားအနီးရှိ အဆောက်အဦးများအပြင် ကျေးရွာများရှိနေအိမ်များ ပျက်စီးဆုံးရှုံးမှာများနေသည့်အတွက် စီစဉ်ထားသည့် အင်းလေးရေပေါ်သင်္ကြန် မပြုလုပ်နိုင်တော့ကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေပေါ်သင်္ကြန်ပြုလုပ်ရန် စစ်ကောင်စီမှစီစဥ်ထားသော်လည်း လက်ရှိတွင်ငလျင်ကြောင့် အင်းလေးဖောင်တော်ဦး ဘုရားအနီးရှိအဆောက်အဦးများအပြင် အင်းလေးဒေသကျေးရွာရှိနေအိမ်များ ပျက်စီးဆုံးရှုံးမှုအပြင် လူအသေအအပျောက်များရှိခြင်းကြောင့် ရေပေါ်သင်္ကြန်မပြုလုပ်တော့ကြောင်း သိရသည်။
“မလုပ်ဖြစ်တော့ပါဘူး လုပ်ဖြစ်ရင်လည်းကောင်းတဲ့အရာမဟုတ်ဘူးလေနော် ဒီလိုပျက်စီးဆုံးရှုံးမှုဖြစ်ပြီး တခြမ်းမှာပျက်ပြီး တခြမ်းမှာပျော်နေလို့မရဘူးလေနော် မဖြစ်တော့ပါဘူး ရေပေါ်သင်္ကြန်က” ဟု အင်းလေးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အင်းလေးရေပေါ်သင်္ကြန်နဲ့ပတ်သက်ပြီး ပြုလုပ်မည့်စစ်ကောင်စီကတော့ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒေသခံများက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများနေသည့်အတွက် မပြုလုပ်တော့မည့်အကြောင်း မပြုလုပ်စေချင်ကြောင်းသိရသည်။
ငလျင်ကြောင့် အင်းလေးဒေသတွင် သေဆုံးသူများ၊ နေအိမ်များပျက်စီးပြီး ကူညီကယ်ဆယ်ပေးမည့်သူများ အရေးပေါ်စားဝတ်နေရေးအတွက် အကူညီများလိုအပ်နေကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ငလျင်
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ရေပေါ်သင်္ကြန်
#အင်းလေးဖောင်တော်ဦးဘုရားအနီး
#အင်းလေးဒေသကျေးရွာရှိနေအိမ်များ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7