ငလျင်ကြောင့် အင်းလေးကန်အတွင်း နှစ်ပေါင်းများစွာကဆွေးမြေ့ခရုခွံများ ရေပေါ်ပြန်ပေါ်လာ
…………………….
ခမ်းသားငေါဝ်း
မတ်လ ၃၀၊ ၂၀၂၅

https://www.facebook.com/share/v/1H3q7RC8pP/

ခန့်မှန်းခြေနှစ်ပေါင်း ၃၀ ကျော်ကဆွေးမြေ့ဖြူနေသည့် ခရုခွံသည် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အင်းလေးကန်အတွင်းရေပေါ်ဖြူဖွေးအောင် ပြန်ပေါ်လာနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းတွင် ရေမျက်နှာပြင်တခုလုံးဖွေးနေအောင် ဆွေးမြေ့ခရုခွံများသည် ငလျင်လုပ်ခတ်ရာမှ ရေပေါ်ပေါ်လာပြီး လေတိုက်မှုကြောင့် တောင်ဘက်မှ မြောက်ဘက်ကိုစုပြုံလာကြကြောင်းသိရသည်။

‘’ခုပေါ်လာတဲ့ ခရုခွံဟာ လွန်ခဲ့တဲ့ နှစ်၃၀ ခန့်က ခရုတွေရဲ့အခွံပါ၊ မြေအောက်ရောက်ပြီးပျောက်နေတာကြာပြီ မြေထုလေးငါးပေအောက်ရောက်နေတာထင်တယ်၊ ခုငလျင်လှုပ်မှပေါ်လာတာ၊ ဒီခရုကိုကြည့်ခြင်းအားဖြင့် အင်းလေးကန်မှာ အပြင်ဖက်မှ စီးဝင်လာတဲ့ သဲနှုန်းနဲ့ အခြားသောအရာတွေ ဥပမာ ဓါတ်မြေသြဇာ ပမာဏဘယ်လောက်ထုထည်တက်လာပြီဆိုတာ ခန့်မှန်းရပါတယ်” ဟု Save The Inle Lake မှ ကိုခင်မောင်လတ်ကခမ်းသားငေါဝ်းကို ပြောသည်။

ထိုခရုခွံများသည် ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း ၂၅ နှစ်ရှိပြီဖြစ်ပြီး အင်းလေးကန်အတွင်းထို ခရုခွံများက ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်ဟု ယူဆကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က အင်းလေးကန်မြောက်ဘက်၊ ဗိုလ်တဲအနောက်ဘက်၊ ဗိုလ်တဲအရှေ့တောင် သလဲဦးမြောက်ဘက်တွင် ရေအောက်မြေဆယ်ယူရင်း ဆွေးမြေ့ ဖြူနေသည့် ခရုခွံများတွေ့ရှိခဲ့ကြကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိ‌သော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝှမ်း ထိခိုက်သေဆုံးမှအများအပြားရှိခဲ့သည်။

#ppv002
#သဘာဝဘေး
#ခရုခွံ
#အင်းလေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။