ငလျင်ကြောင့် ရေထွက်နည်းသွားသည့် ဆီဆိုင်ရေထွက်ဦးအား ဆရာတကာပူးပေါင်းပြီး ရေထွက်အားပြန်ကောင်းစေရန်ဆောင်ရွက်နေ
…………………………………..
ခမ်းသားငေါဝ်
မတ် ၃၀၊ ၂၀၂၅
https://www.facebook.com/share/v/1FLVpC4gCr/
ငလျင်လှုပ်ပြီးနောက် ဆီဆိုင်မြို့ရေထွက်ဦး ရေထွက်နည်းသွားသည့်အတွက် ရေထွက်အားပြန်လှည်ကောင်းမွန်စေရန် ဆရာတကာပူးပေါင်းပြီး ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တမြို့လုံးအားကိုးအားထားရသည့် ရေထွက်ဦးသည် မတ်လ ၂၈ ရက်ကလုပ်ခတ်သွားသည့် အင်အားပြင်းငလျင်ကြောင့် ရေများအထွက်နည်းလာခဲ့သည်၊၊
“ငလျင်လှုပ်တဲ့အခါ ရေကြောက်ပိတ်သွားသလိုဖြစ်သွားတာ ရေကြောပြန်ပွင့်အောင် ပြီးတော့ဗွက်တွေနုန်းတွေကို ပြန်ထုတ်နေတာပါ”ပါ ဆီဆိုင်မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊
လက်ရှိတွင် ဆီဆိုင်မြို့၌ ရေပေးဝေနိုင်ခြင်းမရှိသေးသောကြောင့် နီးစပ်ရာတွင်သုံးစွဲနေကြရကြောင်း သိရသည်၊၊
ဆီဆိုင်ရေထွက်ဦးသည် ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်အပြင် ဟော်မြောက်ရွာ၊ ဟော်တောင်ရွာ၊ ဝါးတောရွာ၊ ဘုရားဖြူရွာမှာ အားကိုးအားထားရသည့် ရေဖြစ်ကြောင်းသိရသည်၊၊
PPV001
ဗွီဒီယို-Mg Mg
#သဘာဝဘေး
#ငလျင်
#ရေထွက်ဦး
#ဆီဆိုင်မြို့
#ရေကြော
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7