ငလျင်ကြောင့် ဖောင်တော်ဦးဘုရား ဘုရားရင်ပြင်နှင့် လှေခါးများကွဲအက်ခဲ့သည့်အတွက် ပြုပြင်ရန်ဘုရားဖူးမျှော်ခွင့် ခေတ္တပိတ်ထား
……………………………………..
ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1DRofZwghU/
အင်းလေးရှိ ဖောင်တော်ဦးဘုရား ငလျင်ကြောင့် ဘုရားရင်ပြင်နှင့် လှေခါးများကွဲအက်ခဲ့ခြင်းအား ပြုပြင်ရန်အတွက် ဘုရားဖူးမြော်ခွင့်အား ခေတ္တရပ်ထားကြောင်း ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦး ဘုရားသည် ငလျင်လှုပ်ခတ်ပြီး ဘုရားရင်ပြင်နှင့်လှေခါများကွဲခဲ့သလို ဘေးရှိအဆောက်အဦးများ ပြိုလဲပျက်စီးခြင်းများရှိခဲ့သည်။
“ဖောင်တော်ဦးဘုရားဆိုရင် ဗဟိုကျွန်းမကြီးကတော့ သိပ်မပျက်စီးဘူး နဘေးကအဆောက်အဦးတွေ ဂရဝိတ်ဖောင်တော်ထားတဲ့ အဆောက်အဦးတွေတော့ပြိုကျသွားတယ် ပြုပြင်ခြင်းလုပ်ငန်းတွေ လုပ်နေတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ငလျင်ကြောင့် ဘုရားရင်ပြင်တွင်ခင်းထားသည့် ကြွေပြားခင်းများ၊ ဘုရားပေါ်တက်သည့် အရှေ့ဘက်၊ အနောက်ဘက်၊တောင်ဘက်ရှိ လှေကားများ ကွဲအက်ခြင်းကြောင့် ပြင်ဆင်ရန်အတွက် ဘုရားဖူးခြင်းအား ခေတ္တပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရား ဖူးမြော်ခြင်းအား ယနေ့မတ် ၃၀ ရက်နေ့လည်ပိုင်းမှစပြီူ ခေတ္တရပ်နားထားပြီး ပြုပြင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အခါ ထပ်မံအသိပေး ကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဖောင်တော်ဦးဘုရား
#ငလျင်လှုပ်ခတ်
#ဘုရားရင်ပြင်နှင့်လှေခါများကွဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7